18 Presents (2020) IMDb..... 7.4 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အီတလီရုပ်ရှင်ကားလေးဖြစ်ပြီး အီတလီအမျိုးသမီး အယ်လီဆာ ဂျီရော့တိုရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အယ်လီဆာနဲ့ အာလက်စီယိုတို့ လင်မယားက ကိုယ်စီအလုပ်အကိုင်တွေနဲ့ အေးချမ်းတဲ့ဘဝမှာနေထိုင်ပြီး သမီးလေးတစ်ဦးကိုလည်း ကိုယ်ဝန်ဆောင်ထားနေရချိန်ဖြစ်ပါတယ်... တစ်နေ့မှာတော့ သွေးအနည်းငယ်ဆင်းလာတာကြောင့် ဆေးရုံသွားပြရာက သူ့မှာ နောက်ဆုံးအဆင့် ၄ ရင်သားကင်ဆာ ဖြစ်နေတယ်ဆိုတာကို အယ်လီဆာတစ်ယောက် သိလာရပါတယ်... သူ့ရောဂါကိုကုဖို့ ကလေးမွေးပြီးချိန်ထိစောင့်ရင် အသက်ရှင်မှာမဟုတ်ဘူးဆိုတာ သိလာတဲ့အချိန် ကျန်သေးတဲ့လက်ကျန်ချိန် အနည်းငယ်အတွင်းမှာ သူ့သမီးလေးရဲ့ မွေးနေ့တိုင်း... ၁၈ နှစ်ပြည့်မွေးနေ့အထိ မွေးနေ့လက်ဆောင်ပေါင်း ၁၈ ခုကို ပေးနိုင်ဖို့ ကြိုးစားပါတော့တယ်... အချိန်တွေကြာသွားတဲ့အခါ တစ်ဖက်မှာ အဖေဖြစ်သူ အာလက်စီယိုနဲ့သာ ကြီးပြင်းလာရတဲ့ အန်နာဟာ... မြီးကောင်ပေါက်အရွယ်သဘာဝ အဖေနဲ့ အဆင်မပြေဖြစ်ကာ အမေဖြစ်သူရဲ့ လက်ဆောင်တွေကိုလည်း မုန်းတီးလာပါတော့တယ်... အဲဒီလိုနဲ့ တစ်နေ့ အဖေဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်ပြေးလာတဲ့အခါ ကားတစ်စီးတိုက်တာ ခံလိုက်ရပြီး သူ သတိရလာတဲ့အချိန် သူ့ကို ကားနဲ့တိုက်တဲ့သူ... သတိရအောင် အော်ခေါ်နေတဲ့သူက တစ်ချိန်က အယ်လီဆာ ဖြစ်နေတဲ့အခါ.... Time travel လား... သူသေသွားတာလား... ဆိုပြီး ဝေခွဲမရဖြစ်နေတဲ့ အန်နာတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ.... သူ့အမေနဲ့ရော တကယ်တွေ့ဆုံခဲ့တာလားဆိုတာကို ဒီရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File Size : 2.93GB/ 1.08GB Quality : NF WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr 55m Genre : Drama, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်