ဒီဇာတ်ကားဟာ The Good Doctor ဇာတ်ကားထဲကလို သာမာန်သူတွေလို မတွေးနိုင်တဲ့ ညဏ်ကြီးရှင်ဇာတ်ကားမျိုးလေးပါ။ ဒါပေမဲ့ အပိုတွေလုပ်တာမျိုးလုံးဝမပါပါဘူး။ဇာတ်ကားမှာ မင်းသားကြီး Tom Hanksလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက ကျွန်တော်တို့ရဲ့လွဲမှားနေတဲ့အယူအဆတစ်ချို့ကိုလည်းထောက်ပြပေးထားပါတယ် အတော်ကိုဗဟုသုတရစေမှာပါ။ အမှန်အတိုင်းပြောရရင် အစပိုင်းလေးတော့ နည်းနည်းရှုပ်မယ်ဗျ။ ဇာတ်လမ်းကို အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဝေါ်ထရိတ်စင်တာ ဖြစ်ရပ်ကိုနောက်ခံပြီး သာမန်ကလေးတစ်ယောက်မဟုတ်တဲ့ Oskarအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Oskarဟာ သူရဲ့ ဖခင်ကို ဝေါ်ထရိတ်စင်တာ ကိစ္စမှာဆုံးရှုံးခဲ့ရပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှ ာ သူ့အဖေထားခဲ့တဲ့ သော့လေးကိုတွေ့ပြီး....ဘယ်မှာရှိနေမှန်းမသိတဲ့ သော့ခလောက်လေးကို NewYork တစ်မြို့လုံးမှာ လိုက်ရှာရင်းဘဝသင်ခန်းစာတွေအများကြီးရသွားတဲ့ကားမျိုးလေးပါ။ NewYorkမြို့ကို လေ့လာချင်သူတွေအတွက် ဒီကားလေးက အထောက်အကူပြုမှာတော့အသေချာပါပဲ။ ဒါကြောင့် မြို့နဲ့ ရပ်ကွက်နာမည်တွေကို Googleခေါက်ရှာရလွယ်အောင် ကျွန်တော်နာမည်တွေကိုengအတိုင်းပဲ ထားခဲ့ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ag Ko Khant ပါ) File Size : (950 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Adventure, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-x0r Translated by Ag Ko Khant Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်