★ 7.0
ဇာတ်ကား / 2022Root Letter
ကာလို့စ်နဲ့ ဆာရာတို့ဟာ အပြင်မှာ မတွေ့ဖူးကြပေမယ့် စာတွေအပြန်အလှန်ရေးရင်း ခင်မင်ရင်းနှီးလာတဲ့ စာရေးဖော်သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆာရာက ကာလို့စ်ပို့တဲ့စာတွေကို မဖြေတော့သလို သူ့ဘက်ကလည်း စာအသစ် မပို့တော့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သား အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတော့ ကာလို့စ်ဆီ ဆာရာ့စာတစ်စောင် ပြန်ရောက်လာတယ်။ စာထဲမှာ သူ လူတစ်ယောက်ကို သတ်လိုက်မိကြောင်း ရေးထားပါတယ်။ ဆာရာပြောတဲ့လူက ဘယ်သူလဲ၊ ဘာကြောင့် ဒီလိုလုပ်ခဲ့မိတာလဲ၊ တစ်နှစ်လုံး အဆက်အသွယ်မလုပ်ဘဲ အခုမှ ဘာလို့ စာပြန်ပို့လာတာလဲဆိုတဲ့ မေးခွန်းတွေ ကာလို့စ်ဆီ ရောက်လာတယ်။ ဒီမေးခွန်းတွေကို သူ ဘယ်နေရာကစပြီး အဖြေရှာမလဲ။
ဇာတ်ကားကြည့်ရန်