ဂျိုးက တရားရုံးသမ္မာန်စာတွေကို သက်ဆိုင်သူတွေဆီ လိုက်ပို့ပေးရသူပါ။ စာရွက်စာတမ်းပို့ရုံပဲဆိုပေမယ့် လက်ခံရမယ့်သူတွေက သူ့ကိုရှောင်နေကြလို့ အလုပ်တစ်ခုအတွက် တစ်ပတ်လောက် အချိန်ကုန်တတ်တယ်။ အဲဒါကြောင့် သူဌေးရဲ့ အပြစ်တင်တာကိုလည်း ခံနေရပါတယ်။ တစ်နေ့မှာ ဆာရာမိုးဆိုတဲ့ အမျိုးသမီးဆီ ကွာရှင်းစာချုပ် သွားပို့ရတယ်။ ဆာရာက သူလာမယ့်သတင်းကို ကြိုသိပြီး ရှောင်သွားနိုင်တော့ သူဌေးက ဂျိုးကိုဆူပြီး အလုပ်ကို တခြားသူဆီ လွှဲပေးလိုက်ပါတယ်။ မကျေနပ်တဲ့ဂျိုးက ဆာရာ့လိပ်စာကို ထပ်ရှာပြီး နောက်ဆုံးမှာတော့ စာရွက်စာတမ်းတွေ ပေးနိုင်သွားတယ်။ အဲဒီမှာ ဆာရာက ဂျိုးကို ကမ်းလှမ်းချက်တစ်ခု ပြန်ပေးလာပါတယ်။ သူ့ခင်ပွန်း ဂေါ်ဒွန်မိုးဆီ ကွာရှင်းစာချုပ်ကို အရင်ရောက်အောင် ပို့ပေးနိုင်ရင် ဒေါ်လာတစ်သန်း ပေးမယ်ဆိုတာပါ။ ဒီလိုနဲ့ ဆာရာနဲ့ဂျိုးတို့ ဂေါ်ဒွန်ဆီ အချိန်မီစာပို့နိုင်ဖို့ ကြိုးစားကြရတော့တယ်။ ဂျိုးရဲ့အလုပ်ကို ဘယ်သူက နှောင့်ယှက်နေတာလဲဆိုတာလည်း အဖြေရှာရဦးမယ်။ သူရော ဒေါ်လာတစ်သန်းရပြီး အိပ်မက်ထဲက စပျစ်ခြံလုပ်ငန်းကို လုပ်နိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်