သီချင်းဆိုရင်း အသက်မွေးဖို့ နယ်မြို့လေးကနေ ထွက်လာတဲ့ Sherrie ဟာ လော့စ်အိန်ဂျလိစ်က Sunset Strip ကို ရောက်ရောက်ချင်း လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာ နာမည်ကြီး Bourbon Room မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့ Drew နဲ့ ဆုံမိပြီး သူကိုယ်တိုင်လည်း အဲဒီနေရာမှာ အလုပ်ရလာတယ်။ ဝါသနာတူတဲ့ ဒီလူငယ်နှစ်ယောက်ဟာ ကိုယ့်အနုပညာလမ်းကို လျှောက်ဖို့ အခွင့်အရေး ရလာကြပါတယ်။ တစ်ဖက်မှာတော့ တစ်ခေတ်တစ်ခါက အလွန်ကျော်ကြားခဲ့တဲ့ ရော့ခ်အဆိုတော် Stacee Jaxx ရှိနေတယ်။ Tom Cruise သရုပ်ဆောင်ထားတဲ့ ဒီအဆိုတော်ဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာအလုပ်တွေ ရပ်တန့်နေတာ ကြာပါပြီ။ အခု Bourbon Room မှာ ပထမဆုံး တစ်ကိုယ်တော်ရှိုးပွဲလုပ်ပြီး အနုပညာခရီးကို ပြန်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် Stacee ရဲ့ ပြန်လာမှုက Sherrie နဲ့ Drew တို့ကြားမှာ အနှောင့်အယှက်တစ်ခု ဖြစ်လာတယ်။ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်နှစ်ယောက်နဲ့ နာမည်ကျော်ဘဝဆီ ပြန်ဝင်လာချင်တဲ့ ရော့ခ်အဆိုတော်တို့အကြောင်းကို ဟာသအနည်းငယ်၊ သီချင်းများစွာနဲ့ တင်ဆက်ထားတဲ့ ဂီတဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်