IMDb 8.3 ရရှိထားတယ်ဆိုတာတော်ယုံ Rating မျိုးမဟုတ်ဘူးနော် 1992 ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားဟောင်းလေးဆိုပေမဲ့ကောင်းနေဆဲဇာတ်ကားလေးပါ။ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ် ဗြိတိန်နာမည်ကြီး Film magazine တစ်ခုဖြစ်တဲ့ Empire Film magazine ကတောင် "Greatest Indenpendent Film of all Time" အဖြစ်သတ်မှတ်ခံထားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရုံဝင်ငွေဒေါ်လာ၂.၅သန်းအထိရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံမှာပိုလို့အောင်မြင်ကာ ဝင်ငွေပေါင် ၆.၅သန်းအထိရလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်ကိုတစ်ယောက် မသိကြတဲ့နာမည်ဝှက်ကိုယ်စီနဲ့ဒုစရိုက်သမား ၆ယောက်ကို ဓားပြတိုက်မှုတစ်ခုလုပ်ဖို့အတွက် စုစည်းလိုက်တဲ့တာကစတာပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာရဲတွေရဲ့ထောင်ချောက်ဆင်မှုတစ်ခုဖြစ်ပြီး ဒါကိုမသိလိုက်တဲ့၆ယောက်သား ကိုယ်လွတ်ရုန်းဖို့လုပ်ရတော့တာပဲဖြစ်ပါတယ်။ သူတို့တွေထောင်ချောက်ဆင်ခံလိုက်ရတာကိုသိသွားပြီးတဲ့နောက်မှာ အဓိကလက်သည်ဟာဘယ်သူလဲအဲဒီသူဟာသူတို့ထဲမှာရှိနေပြီး သစ္စာဖောက်သွားတာလားဆိုတာအဖြေရှာကြတော့တာပါပဲ။ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့စိတ်ဝင်စားစရာကောင်းပြီး ဝေဖန်မှုတွေလည်းကောင်းကောင်းရထားပြီး အောင်မြင်ခဲ့တဲ့ Crime/Thriller ဖြစ်တာကြောင့်ကြည့်စေချင်ပါတယ်။ R rated ဖြစ်ပြီးအပြောအဆိုကြမ်းတမ်းတာတွေပါနိုင်ပါတယ်။ အညွှန်းကိုတော့ Thura Zarni Aung က ရေးသားပေးထားပါတယ်။ File size…(5.7 GB)/(1.4 GB)/(670 Mb) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 01:39:00 Genre... Gangster, Heist, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Pyae Sone Kyaw
ဇာတ်ကားကြည့်ရန်