★ 6.3
ဇာတ်ကား / 1998Mercury Rising
Bruce Willis သရုပ်ဆောင်ထားတဲ့ အက်ဟာ အသွင်ယူပြီး လျှို့ဝှက်စုံစမ်းနေတုန်း ပြဿနာတက်ခဲ့လို့ ရာထူးချခံထားရတဲ့ FBI အေးဂျင့်တစ်ယောက်ပါ။ တစ်ဖက်မှာတော့ အော်တစ်ဇင်ရှိတဲ့ ဆိုင်မွန်ဆိုတဲ့ ကလေးတစ်ယောက်က မာကျူရီလို့ခေါ်တဲ့ လျှို့ဝှက်ကုဒ်ကို မတော်တဆ ဖော်ထုတ်မိသွားပါတယ်။ အဲဒီကစပြီး ဆိုင်မွန်ရဲ့အသက်ပါ အန္တရာယ်ရှိလာတော့တယ်။ ဆိုင်မွန်နဲ့ အက်တို့ တွေ့ဆုံကြတဲ့အခါ ဘာတွေဖြစ်လာမလဲ။ ကုဒ်ဖော်မိတဲ့ ကလေးတစ်ယောက်ကို ဘာကြောင့် ဒီလောက်အသည်းအသန် သတ်ချင်နေကြတာလဲ၊ ဆိုင်မွန်ကရော အန္တရာယ်တွေကြားကနေ အသက်ရှင်လွတ်မြောက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်လမ်းဆက်သွားပါတယ်။
ဇာတ်ကားကြည့်ရန်