★ 6.3
ဇာတ်ကား / 2022Swallowed
ဘန်ဂျမင်းက မကြာခင် အယ်လ်အေမှာ အပြာရုပ်ရှင်သရုပ်ဆောင်အဖြစ် အလုပ်သွားလုပ်တော့မှာပါ။ မသွားခင် အချစ်ဆုံးသူငယ်ချင်း ဒွန်းနဲ့ နှုတ်ဆက်ပွဲလုပ်ကြပြီး အပြန်မှာတော့ ဒွန်းရဲ့ တရားမဝင်ပစ္စည်းတချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့ပေးမယ့်အစီအစဉ်ထဲ သူပါ ဝင်ပါမိသွားပါတယ်။ သူတို့ သယ်ပေးရတဲ့ပစ္စည်းတွေက မူးယစ်ဆေးမဟုတ်ဘူးဆိုတော့ ဘာတွေများလဲ၊ ဒွန်းကရော ဘာကြောင့် ဒီလိုအလုပ်ကို ရွေးခဲ့တာလဲဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်။ ဒီပစ္စည်းတွေကို သယ်ရင်း သူတို့နှစ်ယောက် ဘာတွေကြုံရမလဲဆိုတာကို သည်းထိတ်ရင်ဖို ပုံစံနဲ့ ရိုက်ထားပါတယ်။ တစ်ဖက်မှာလည်း ဒွန်းနဲ့ ဘန်ဂျမင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပေမယ့် ဖွင့်မပြောကြသေးတဲ့ ယောက်ျားလေးနှစ်ယောက်ပါ။ ၂၀၂၂ ခုနှစ်ထွက် ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ဝတ်လစ်စလစ်အခန်းတွေ ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်