ညီအစ်ကိုနှစ်ယောက် တောထဲမှာ ဆော့ကစားနေတုန်း ရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုကို မျက်မြင်တွေ့လိုက်ကြပါတယ်။ ဒီရှေ့နေ သေဆုံးမှုက လွှတ်တော်အမတ်တစ်ယောက် ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတော့ သူမသေခင် နောက်ဆုံးတွေ့လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲက အကြီးဖြစ်သူ Mark ဟာ မီဒီယာတွေနဲ့ မာဖီးယားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာတယ်။ အမတ်ပျောက်ဆုံးမှုကို လိုက်နေတဲ့ ရှေ့နေကြီး Roy ကလည်း Mark ဆီက အချက်အလက်တွေ ရဖို့ မေးမြန်းဖိအားပေးနေပါတယ်။ တစ်ဖက်မှာတော့ မာဖီးယားတွေက မပြောသင့်တာတွေ ပြောမိရင် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ထားကြတယ်။ ဒီလိုအကျပ်အတည်းတွေကြားက လွတ်နိုင်ဖို့ လည်လည်ဝယ်ဝယ်ရှိတဲ့ Mark ဟာ ရှေ့နေတစ်ယောက် ငှားလိုက်ပါတယ်။ Mark နဲ့ ရှေ့နေတွေကြား ဘာတွေ ဆက်ဖြစ်မလဲ၊ မာဖီးယားတွေရဲ့ ရန်ကနေ ဘယ်လိုရှောင်နိုင်မလဲ၊ သူသိထားတဲ့အကြောင်းတွေက အမတ်ပျောက်ဆုံးမှုနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ Tommy Lee Jones ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဒရာမာဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်