မင်းသားကြီးဗန်ဒိန်းနဲ့ ရုရှားအာနိုးလို့လူသိများကြတဲ့ Dolph Lundgrenတို့ပါဝင်ထားတဲ့အက်ရှင်ကားသစ်လေးပါ ဗန်ဒိန်းက စီအိုင်အေအေးဂျင့်စကော့ဝီလ်လာအဖြစ်၊ ရုရှားအာနိုးက ဂျာမန်သူလျိုအဖြစ်သရုပ်ဆောင်ထားပါတယ် စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူ ဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောၤထဲမှာ အကျဉ်းချခံလိုက်ရတယ် အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲ သူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော ဘာကြောင့်များအရေးကြီးနေရတာလဲ ဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ် ********တစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီကားရဲ့ မူရင်းEng subtitle မှာကတည်းက တစ်ကားလုံးနီးပါးလွဲနေတာကြောင့်အသံနားထောင်ပြီးဘာသာပြန်ရတာများနေပါတယ်။ တတ်နိုင်သမျှအကောင်းဆုံး အနီးစပ်ဆုံးဘာသာပြန်ပေးထားပါတယ်။ အဲ့ဒါကြောင့် မှားယွင်းမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျ******* (ဘာသာပြန်ပေးထားသူက ကိုဟိန်းမင်းထွန်းပါ) File Size : (850 MB) and (360 MB) Quality : Blu-Ray 720p and 360p Running Time : 1hr 45min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-FGT Translated by Hein Min Tun Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်