Lyora: Penantian Buah Hati (2025) IMDb Rating (7.3) "အရာအားလုံး ပြည့်စုံနေပေမဲ့ ကိုယ်လိုချင်တဲ့ အရာတစ်ခုလေး မရနိုင်တဲ့အခါ... ဘဝက ပြီးပြည့်စုံတယ်လို ခေါ်နိုင်ပါဦးမလား" ဒီတစ်ခါတော့ အင်ဒိုကားချစ်သူတွေအတွက် သည်းထိတ်ရင်ဖို ဟော်ရာတွေ အက်ရှင်တွေကနေ ခွဲထွက်ပြီး ရင်ထဲကို အထိရှဆုံးဖြစ်စေမဲ့ အင်ဒို မိသားစုဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ အင်ဒိုရုပ်ရှင်လောကရဲ့ ဝါရင့်နာမည်ကြီးမင်းသမီး Marsha Timothy နဲ့ မင်းသားချော Darius Sinathrya တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ မွတ်သယာနဲ့ ဖာဂျရီ တို ဇနီးမောင်နှံအကြောင်းပါ။ မွေတျာဆိုတာက အသက်အရွယ်တစ်ခုရနေပြီဖြစ်တဲ့ နိုင်ငံရေးသမား၊ အလုပ်အကိုင် အောင်မြင်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ပေါ့။ သူတိုလင်မယားမှာ ငွေကြေး၊ အောင်မြင်မှု အစစအရာရာ ပြည့်စုံနေပေမဲ့ အခုချိန်ထိ သူတိုမှာ ရင်သွေးလေး မထွန်းကားသေးပါဘူး။ "ပိုက်ဆံရှိရင် အရာအားလုံး ဝယ်လိုရတယ်ဆိုပေမဲ့ သားသမီးရတနာကိုတော့ ဝယ်လို့မရနိုင်ဘူးလေ" အသက်တွေကြီးလာတာနဲ့အမျှ ရင်သွေးလေးတစ်ယောက် လိုချင်တဲ့ဆန္ဒက သူတိုအတွက် အိပ်မက်တစ်ခုလို ဖြစ်လာပါတယ်။ ဒါကြောင့် မွေတျာတစ်ယောက် အလုပ်လုပ်ရင်းနဲ့ပဲ IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာအပါအဝင် ရင်သွေးရနိုင်မဲ့ နည်းလမ်းမျိုးစုံကို လင်မယားနှစ်ယောက် အတူတူ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လို ပြည်သူတွေရဲ့ မျက်လုံးတွေ၊ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေရဲ့ ဖိအားတွေကြားမှာ မွတ်သယာတစ်ယောက် သူ့ရဲ့ အောင်မြင်နေတဲ့ ကစားကွက်နဲ့ အိပ်မက်ဖြစ်တဲ့ "မိခင်တစ်ယောက်" ဖြစ်ခွင့်ကြား ဘယ်လို မျှတအောင် ကြိုးစားမလဲ။ သားသမီးမရနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ မျှော်လင့်ချက်တွေ ပျက်သုဉ်းရတဲ့အခါ လင်မယားနှစ်ယောက်ကြားက နားလည်မှုတွေကရော ဆက်လက်တည်မြဲနိုင်ပါ့မလားဆိုတာ... မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို ကြိုးစားနေကြတဲ့ စုံတွဲတွေ၊ ရင်သွေးလေးတစ်ယောက်အတွက် ကြိုးပမ်းနေကြတဲ့ ကိုယ်ဝန်ရှိကြောင်း မျဉ်းနှစ်ကြောင်းကို မျှော်လင့်နေသူတွေအတွက် ရင်နင့်ဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ File Size : 1.03GB/ 560MB Quality : NF 1080p/ 720p Format : mp4 Duration : 1hr 38m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်