ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ် မိန်းမတွေရဲ့အချစ်က ကြောက်စရာ၊ အံ့အားသင့်စရာမျိုးပဲလား....... ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဘဝတစ်ခုကို ဖျက်ဆီးပစ်နိုင်သလို ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ဘဝတစ်ခုကို ကယ်တင်ပေးနိုင်ပါတယ်။ ဘယ်လိုချစ်ပေးတဲ့သူနဲ့ ဆုံတွေ့မလဲ၊ ဘဝက လောင်မီးပဲကျမလား မျှော်လင့်ချက်တွေနဲ့ပဲရှင်သန်မလားဆိုတာကတော့ ကံပေါ့လေ လူကောင်းတွေလည်း လူပေါင်းမှားတတ်ကြပါတာပဲမဟုတ်လား တခါတလေကျ ဘဝဆိုတာ အလိုက်သင့်စီးမြောရင်း မီးစင်ကြည့်ကရင်း အကောင်းဆုံးကိုမျှော်လင့်ရင်း အဆိုးဆုံးတွေကျော်ဖြတ်ရင်း ဖြတ်သန်းကြရတာပါပဲ။ ဘာပဲဖြစ်ဖြစ် တဖန်သာပြန်လည်စတင်နိုင်မယ် ပျော်ရွှင်နိုင်မယ်ဆိုရင် အားလုံးက ကြိုးစားကြည့်ဖို ထိုက်တန်တယ်မဟုတ်လား ဇာတ်လမ်းဆီကနေ ဘာမှ အများကြီးမမျှော်လင့်ပါနဲ့ ကြီးကျယ်ခမ်းနားတာတွေ ထူးခြားအံ့သြစရာတွေ ဘယ်နေရာမှာမှမပါပါဘူး ဒါပေမဲ့ တခါလောက်ကြည့်ကြည့်ပါ ဘာကြီးလဲဟဆိုတာကနေ ကိုယ်တိုင်သတိမထားမိလိုက်ခင်မှာပဲ ပြုံးပြုံးကြီးနဲ့ သဘောကျနေတဲ့ဆီကိုရောက်သွားမှာပါ ရိုးရှင်းလွန်းလေ လှလေဆိုတာကို လက်ခံထားမိရင် ဒါသင့်အတွက်ဖြစ်မယ်ထင်ပါတယ်။ Quality.....Blu-Ray 1080p / 720p File Size.....(2.5 GB) / (2 GB) Genre.....Film Noir, Drama, Thriller Duration.....01:46:00
ဇာတ်ကားကြည့်ရန်