Clika (2026) ++++ အခုတစ်ခါတင်ဆက်ပေးမှာကတော့ Drama/Music အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်တဲ့ Clikaဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်.... မိသားစုကို လုပ်ကျွေးဖို့ စိုက်ပျိုးရေးခြံထဲမှာ ရုန်းကန်နေရတဲ့ လူငယ်လေး ချီတိုမှာ ဖုံးကွယ်ထားတဲ့ ပါရမီတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဂီတပါ။ သူ ဖန်တီးလိုက်တဲ့ သီချင်းတစ်ပုဒ်ဟာ လူမှုကွန်ရက်ပေါ်မှာ မထင်မှတ်ဘဲ ပေါက်ကြားသွားပြီး နာမည်ကြီးလာတဲ့အခါမှာတော့ သူ့ရဲ့ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ပေးဆပ်ရမယ့် တန်ဖိုးတွေ ရှိနေပါတယ်။ ငွေကြေးအခက်အခဲကြောင့် မူးယစ်ဆေးဝါးလောကနဲ့ မပတ်သက်ချင်ဘဲ ပတ်သက်မိသွားတဲ့အခါမှာတော့ သူ ချစ်ရတဲ့ မိသားစု၊ သူ မက်ခဲ့တဲ့ အိပ်မက်တွေနဲ့ သူ့ရဲ့ အနာဂတ်ဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ "အမှောင်ထဲမှာ လုပ်ခဲ့တဲ့ အမှားတွေဟာ တစ်နေ့ အလင်းထဲကို ပြန်ရောက်လာတတ်တယ်" ဆိုတဲ့အတိုင်း ချီတိုတစ်ယောက် သူ့ဘဝရဲ့ အမှောင်ဆုံး အချိန်တွေကို ဘယ်လိုကျော်ဖြတ်မလဲ.... သူ့ရဲ့ ဂီတအိပ်မက်ကိုရော ဆက်ပြီး ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်........ File Size… (1.32GB) / (673MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 22m Genre ….Drama , Music Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်