လူတိုင်းကတော့ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်ကြိုက်မှာကို လိုလားကြတဲ့သူတွေပါပဲ။ စိတ်ကူးယဉ်တိမ်ထဲမှာ အိမ်လေးတွေဆောက်ပြီး deluluဖြစ်ဖူးကြမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အခါကျရင် သင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ? အခုပြမဲ့ ဇာတ်ကားလေးကတော့ 2002ခုနှစ်မှာထွက်ရှိထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပြီး နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Amélieနဲ့ The Da Vinci Codeထဲမှာ main actressအနေနဲ့ သရုပ်ဆောင်တဲ့ မင်းသမီးကြီး Audrey Tautouက အဓိကဇာတ်လိုက်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အနုပညာကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ အိန်ဂျလိက အိမ်ထောင်ရှိတဲ့ ဆရာဝန်တစ်ယောက်ကို တန်းတန်းစွဲ ချစ်မိသွားခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းတွေ ဝိုင်းတားနေတဲ့ကြားကနေ ဆရာဝန်နဲ့ သူရဲ့ကိုယ်ဝန်သည်မိန်းမကို ကွဲအောင် မရရတဲ့နည်းနဲ့ လုပ်ခဲ့ပါတယ်။ သူမရဲ့အမြင်ကတော့ ဆရာဝန်က သူ့မိန်းမကို တကယ်ချစ်တာမဟုတ်ပဲ ကလေးကြောင့်သာ ဆက်ပေါင်းနေတာဖြစ်ပြီး ဆရာဝန်ရဲ့ဘေးမှာ သူ့မိန်းမသာမရှိတော့ရင် သူမကို ရွေးချယ်လာမှာဆိုပြီး ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့အမြင်ကတော့ အိန်ဂျလိထင်သလို မဟုတ်ခဲ့ပါဘူး။ အိန်ဂျလိတစ်ယောက် ဆရာဝန်နဲ့ နီးစပ်အောင် ကြိုးစားရင်း သူမရဲ့ဘဝက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် File size…(453 MB) Quality…. 720p Format…mp4 Duration….01:48:00 Genre...Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by San Wa Htun
ဇာတ်ကားကြည့်ရန်