★ 6.8
ဇာတ်ကား / 2022A Man of Action
လူစီယိုဥတုဘျားဟာ ကိုယ့်ယုံကြည်ချက်ကို အပြောနဲ့ပဲမထားဘဲ လက်တွေ့လုပ်ဆောင်တဲ့ စပိန်လက်သမားတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ဆင်းရဲမှုကို ကြုံခဲ့ရတာကြောင့် အရင်းရှင်စနစ်ကို သူ့ရဲ့ရန်သူကြီးအဖြစ် သဘောထားနေပါတယ်။ စစ်ပွဲတွေကနေ အမြတ်ထုတ်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ သူတို့နောက်ကွယ်မှာ အရာရာကို ချုပ်ကိုင်ထားတဲ့ ဘဏ်ကြီးတွေအပေါ် မကျေနပ်မှုတွေက သူ့ကို မင်းမဲ့ဝါဒရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ တွန်းပို့ခဲ့တာပါ။ A Man of Action က လူစီယိုဥတုဘျားရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Netflix ရုပ်ရှင်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သူ့ခံယူချက်အတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲ၊ သာမန်လက်သမားတစ်ယောက်က အရင်းရှင်စနစ်ရဲ့ ပြယုဂ်ဖြစ်တဲ့ အင်အားကြီးအမေရိကန်ဘဏ်တွေ တုန်လှုပ်သွားအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်