ဂရက်ဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ အလီဘိုင်ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ သူတို့ရဲ့အလုပ်က ဖောက်သည်တွေရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ အရှုပ်အထွေးတွေကို ဖုံးဖိကူညီပေးရတာပါ။ အချစ်ကို အယုံအကြည်မရှိတဲ့ ဂရက်ဟာ တစ်နေ့မှာ ရှေ့နေမလေး ဖလိုနဲ့ ရင်းနှီးသွားပြီး နောက်တော့ ချစ်သူတွေ ဖြစ်လာကြတယ်။ ဖလိုရဲ့အိမ်ကို လိုက်သွားတဲ့အခါမှာတော့ သူ့ချစ်သူရဲ့အဖေဟာ အလီဘိုင်ကုမ္ပဏီရဲ့ ဖောက်သည်တစ်ယောက်ဖြစ်နေမှန်း ဂရက် သိလိုက်ရပါတယ်။ ဖလိုက လိမ်ညာတာကို အလွန်မုန်းသူမို့ ဂရက်ဟာ ကိုယ်ဘာအလုပ်လုပ်နေလဲဆိုတာတောင် မပြောရဲဘူး။ တစ်ဖက်မှာလည်း ဖလို့အဖေရဲ့ ပြဿနာတွေကို လိုက်ဖြေရှင်းပေးနေရင်း သူ့အကြောင်းပါ ပေါ်သွားနိုင်တဲ့ အခြေအနေကို တဖြည်းဖြည်း ရောက်လာတယ်။ ဖလို့အဖေရဲ့ လျှို့ဝှက်ချက်ကိုရော၊ သူ့လုပ်ငန်းအကြောင်းကိုပါ ဆက်ဖုံးထားနိုင်မလား၊ ဒီကြားထဲ သူတို့အချစ်ရေး ဘာဆက်ဖြစ်မလဲဆိုတဲ့ အလွဲတွေကို ပြထားတဲ့ ပြင်သစ်ဟာသအချစ်ဇာတ်ကားပါ။ Philippe Lacheau၊ Élodie Fontan နဲ့ Didier Bourdon တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင် ရိုက်ကူးထားပါတယ်။
ဇာတ်ကားကြည့်ရန်