Lion Fist (2026) ဒီဇာတ်ကားကတော့ Action, Sports နဲ့ Drama အမျိုးအစား အက်ရှင် ကိုယ်ခံပညာ ရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Taim M. Adams က ရိုက်ကူးတင်ဆက်ထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် Mathis Landwehr, Kurt McKinney, Gary Daniels, Keith Cooke နဲ့ Yanlong Li တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ မတရား အကျဉ်းချခံရလို့ ထောင် ၄ နှစ်ကျပြီးမှ ပြန်လွတ်လာတဲ့ ကိုယ်ခံပညာရှင် Joe ဆီကနေ စတင်ပါတယ်။ သူ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့ သားငယ်လေးဟာ အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်အကျိတ်ရောဂါ ခံစားနေရပြီး ခွဲစိတ်ဖို့အတွက် ငွေအမြောက်အမြား လိုအပ်နေတာကို သိလိုက်ရပါတယ်။ ပိုက်ဆံလည်းမရှိ တခြား ရွေးချယ်စရာ လမ်းလည်းမရှိတဲ့အတွက် Joe တစ်ယောက် ဆုကြေးငွေ ဒေါ်လာ တစ်သိန်းပေးမယ့် လက်ဝှေ့ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီပြိုင်ပွဲအတွက် နာမည်ကျော် Grandmaster Wu ဆီမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးတဲ့နောက် ကမ္ဘာ့အန္တရာယ်အများဆုံး တိုက်ခိုက်ရေးသမားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပြိုင်ပွဲအတွင်းမှာ နိုင်ဖို့အတွက် စည်းမျဉ်းတွေဖောက်ဖျက်ဖို့ ဝန်မလေးတဲ့ ပြိုင်ဘက်တွေရော၊ အဂတိလိုက်စားတာတွေနဲ့ သစ္စာဖောက်ခံရတာတွေကိုရော Joe တစ်ယောက် ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားရဲ့ အက်ရှင် ကိုယ်ခံပညာ တိုက်ကွက်တွေကို The Matrix Resurrections နဲ့ Resident Evil တို့မှာ ပါဝင်ခဲ့တဲ့ နာမည်ကျော် အက်ရှင်စတား Mike Möller က ဖန်တီးပေးထားတာပါ။ ဒါ့အပြင် ဂန္ထဝင် အက်ရှင်ကား Bloodsport ရဲ့ သီချင်းတွေကို ဖန်တီးခဲ့တဲ့ ရော့ခ်အဆိုတော်ကြီး Stan Bush ကလည်း ဒီရုပ်ရှင်အတွက် "Heart of a Lion" ဆိုတဲ့ ဇာတ်ဝင်တေးကို ကိုယ်တိုင်ရေးသား သီဆိုပေးထားပါတယ်။ အသက်လုတိုက်ပွဲတွေနဲ့ ပြိုင်ပွဲဝင် အက်ရှင်ဇာတ်ကားဟောင်းတွေရဲ့ အရသာကို ပြန်လည်ခံစားရမယ့် ရုပ်ရှင်ဖြစ်လို့ Martial Arts တိုက်ခိုက်ရေးကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1 GB) / (680 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action Duration…. 01:31:38 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်