အမေရိကအနောက်ဖက်ပိုင်းမှာ နယ်မြေတည်ဆောက်နေဆဲဖြစ်ခဲ့တဲ့ကာလ၊ လူမှုရေး၊ စီးပွားရေးစတဲ့ ဘယ်အရေးမှ အတည်တကျမရှိသေးချိန် အရာရာဗရုတ်ကျဆဲပဲ ရှိနေချိန်မှာ ဝိုင်ရတ်ဒ်အပ်က ဥပဒေသားတစ်ယောက်အနေနဲ့ ရှင်သန်နေထိုင်ခဲ့ပါတယ်။ အစိုးရအနေနဲ့ နယ်မြေစိုးမိုးနိုင်စွမ်းကောင်းကောင်းမရှိသေးခဲ့ချိန်မှာ ဝိုင်ရတ်ဒ်အပ်တို့ ညီအစ်ကိုတစ်သိုက်ရဲ့ တွမ့်စတုံးဆိုတဲ့ ဒေသမှာ လွှမ်းမိုးထိန်းချုပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ဖို့ လုပ်ဆောင်တာတွေကို မြင်တွေ့ရနိုင်ပါတယ်။ သိပ်ဗရုတ်ကျခဲ့တဲ့ အမေရိကန် အနောက်ပိုင်းဒေသတစ်နေရာမှာ ဥပဒေဖော်ဆောင်တဲ့သူတစ်ဦးအနေနဲ့ ဝိုင်ရတ်ဒ်အပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ သိပ်ကိုပြောင်မြောက်ခဲ့ပုံပါပဲ။ ကောင်းဘွိုင်ဆိုသူတွေနဲ့ ဥပဒေသားတွေကြား ကြီးကြီးမားမားဖြစ်ပျက်ခဲ့တဲ့ O.K Corral ဆိုတဲ့ သေနတ်တွေနဲ့ ပစ်ကြခတ်ကြတဲ့ဖြစ်စဥ်မှာ ပါဝင်နေခဲ့တာကလည်း ဝိုင်ရတ်ဒ်ကို ပိုပြီးတော့တောင် အသိအမှတ်ပြု သတိထားမိလာစေခဲ့တာ ဖြစ်ခဲ့ပါလိမ့်မယ်။ (၁၉၉၄)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံဇာတ်လမ်း “Wyatt Earp” ကို ကြည့်လိုက်မယ်ဆိုရင်တော့ အဲ့ဒီခေတ် အဲ့ဒီ့အခါတုန်းက အခြေအနေတွေနဲ့၊ လူနေမှုပုံစံ၊ လူနေမှုစံနှုန်းတွေကို မြင်တွေ့ရနိုင်ပြီးတော့ ဝိုင်ရတ်ဒ်ဆိုတဲ့ လူတစ်ယောက်အကြောင်းကိုလည်း တီးမိခေါက်မိရှိသွားကြမှာ အသေအချာပါပဲ။ လွယ်မနေခဲ့တဲ့ လူနေမှုပုံစံတွေကြား အပ်စ်တွေရဲ့ ဘဝတစွန်းတစကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ သမိုင်းဇာတ်ကြောင်းဇာတ်ကားဆိုပေမယ့်လည်း ကောင်းဘွိုင်တွေ လက်ထဲက သေနတ်တွေနဲ့ သူတို့တွေကြားက တိုက်တာခိုက်တာတွေကို ရင်တထိတ်ထိတ် ကြည့်ရှုနိုင်မယ့်အပြင် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်တွေ၊ ခံယူချက်တွေကိုလည်း ခံစားလို့ရနိုင်မယ့် ဇာတ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်။ File size…(3.5 GB)/(1.7 GB) Quality….BluRay 1080p / 720p Format… mp4 Duration…. 03:11:00 Genre... Adventure, Biography, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros
ဇာတ်ကားကြည့်ရန်