★ 7.4
ဇာတ်ကား / 2023Every Breath She Takes
Jules ဟာ ခင်ပွန်း Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို နှစ်အတော်ကြာ ခံခဲ့ရသူပါ။ တစ်နေ့ သူတို့အိမ်မှာ မီးလောင်မှုဖြစ်ပြီး Billy က Jules ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ Jules ကတော့ မီးလောင်နေတဲ့အိမ်ထဲက လွတ်မြောက်လာခဲ့ပေမယ့် Billy ဟာ မီးထဲမှာ သေဆုံးသွားပါတယ်။ ဒီနောက်မှာ Billy ရဲ့ ထိန်းချုပ်မှုနဲ့ အကြမ်းဖက်မှုတွေကနေ လွတ်ပြီလို့ Jules ထင်ခဲ့တယ်။ ဒါပေမယ့် စိတ်ရှုပ်ထွေးမှုတွေ ဆက်ကြုံလာရပြီး သေဆုံးသွားတဲ့ Billy ကို မကြာခဏ ပြန်မြင်လာရပါတယ်။ ပတ်ဝန်းကျင်က ယူဆကြသလို သူ့စိတ်ကျန်းမာရေးကြောင့် ဖြစ်နေတာလား၊ Billy ကို ပြန်မြင်နေရတာက ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကြားမှာ Jules တစ်ယောက် နေရပြန်တယ်။
ဇာတ်ကားကြည့်ရန်