Punisher: War Zone (2008) IMDb Rating (5.9) / Rotten Tomatoes (29%) ဖရန့်ကတ်စတယ်ဟာ သာမန်အေးအေးဆေးဆေးနေခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့ပြီး တစ်ရက်တော့ သူတို့မိသားစုဟာ မာဖီးယားဂိုဏ်းသားတွေရဲ့ လူသတ်မှုကို မတော်တဆမျက်မြင်တွေ့ခဲ့ရပါတယ်။ သက်သေဖျောက်ချင်တဲ့ မာဖီးယားတွေဟာ ဖရန့်ရဲ့ မိသားစုတစ်ခုလုံးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြပေမယ့်တရားဥပဒေက ထိထိရောက်ရောက်အပြစ်မပေးနိုင်တဲ့ အချိန်မှာတော့ ဖရန့်ခ်တစ်ယောက်ဟာ ဥပဒေပြင်ပကရာဇဝတ်ကောင်မှန်သမျှကို လိုက်လံနှိမ်နင်းမယ့် "The Punisher" အဖြစ်သူ့ဘ၀ကိုပြောင်းလဲလိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်တွေအပြီး ငါးနှစ်အကြာ မာဖီးယားဂိုဏ်းချုပ် ဘီလီရိုဆော့တီရဲ့ပါတီကို ဝင်စီးပြီး ဂိုဏ်းသားတွေကိုအပြတ်ရှင်းခဲ့တဲ့ဖြစ်စဉ်နဲ့စတင်ထားပါတယ်။ စီးနင်းမှုအတွင်း ဘီလီကဖန်ကြိတ်စက်ထဲပြုတ်ကျပြီး မျက်နှာတစ်ခုလုံးစုတ်ပြတ်သွားပေမယ့် အသက်ရှင်လွတ်မြောက်သွားခဲ့ပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်မှာတော့ သူ့ကိုယ်သူ "Jigsaw" (ဂျစ်ဆော) လို့ အမည်ပြောင်းလိုက်ပြီး Punisher ကို ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ Marvel ကားတွေထဲမှာမှ Rated-R အဆင့်ရှိ သွေးထွက်သံယိုအက်ရှင်ကားစစ်စစ်ဖြစ်ပါတယ်။ တစ်ခြားစူပါဟီးရိုးတွေလို တရားခံကို ဖမ်းပြီးရဲလက်အပ်တာမျိုးမဟုတ်ပဲ "မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွား"ဆိုသလိုရာဇဝတ်ကောင်တွေကို ညှာတာမှုမရှိပဲ အပြတ်ရှင်းတတ်တဲ့ Punisher ရဲ့စရိုက်ကိုအကြမ်းဆုံးပုံဖော်ထားတာဖြစ်တဲ့အတွက် အားပါးတရကြည့်ရမယ့်ကားပါ။ ၂၀၀၄ တုန်းကထွက်ခဲ့တဲ့ Thomas Jane ရဲ့ The Punisher အပြီးမှာ ဇာတ်လမ်းကိုအသစ်ကနေပြန်စထားတာဖြစ်ပါတယ်။ လက်ရှိခေတ် MCU နဲ့မသက်ဆိုင်သလို နက်ဖလစ်စီးရီးစ်နဲ့လည်းမသက်ဆိုင်တဲ့ Standalone ကားစစ်စစ်ဖြစ်ပြီး ဘယ်ကားကိုမှ မကြည့်ရသေးလည်းကြည့်လို့ရတဲ့ကားပါ။ File size… (6.6 GB) / (2.2 GB) / (1.1 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime Duration…. 01:43:02 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်