★ 6.5
ဇာတ်ကား / 2022Three Times Nothing
ဘဝနောက်ခံမတူတဲ့ အိမ်ခြေယာမဲ့သုံးယောက် ဆုံမိကြရာကနေ သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ အတက်အကျတွေကို ပြောပြထားတဲ့ ပြင်သစ်ဟာသဒရာမာပါ။ လက်ထဲမှာ ဘာမှမရှိပေမယ့် သုံးယောက်စလုံးမှာ ကိုယ်စီအိပ်မက်တွေတော့ ရှိကြတယ်။ ဘဝမှာ ကြုံရတဲ့အခက်အခဲတွေကြား အဲဒီအိပ်မက်တွေကို သူတို့ ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ ပစ္စည်းဥစ္စာမရှိတဲ့ သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းပုံနဲ့ ရုပ်ဝတ္ထုတွေ မလိုဘဲ ပျော်အောင် နေတတ်ပုံတွေကို ဟာသနှောပြီး ပြထားပါတယ်။ သူတို့သုံးယောက်ရဲ့ ဘဝတွေကတစ်ဆင့် ငွေကြေးဟာ လူတစ်ယောက်အတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတဲ့ မေးခွန်းကိုလည်း ထုတ်ထားတယ်။
ဇာတ်ကားကြည့်ရန်