★ 5.0
ဇာတ်ကား / 2022Hellblazers
နယူးယော့ခ်က ရဲတစ်ယောက်ဖြစ်တဲ့ ဂျိုးအန်ဒါဆင်ဟာ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီ ရဲမှူးအဖြစ် ပြောင်းရွှေ့လာပါတယ်။ ဟုပ်ဗေလီက ရာဇဝတ်မှုကြီးကြီးမားမား ဖြစ်လေ့မရှိတဲ့ အေးချမ်းတဲ့မြို့လေးမို့ ရဲစခန်းမှာလည်း ထူးခြားတဲ့အမှုအခင်း မရှိတတ်ပါဘူး။ တစ်နေ့မှာတော့ ရူးကြောင်ကြောင်နိုင်တဲ့ ဘေလ်ဆိုတဲ့ အဘိုးကြီးတစ်ယောက် ရဲစခန်းကို ရောက်လာပြီး ထူးဆန်းတဲ့တိုင်ချက်တစ်ခု ဖွင့်ပါတယ်။ သူ့ခြံထဲမှာ အဝါရောင်ခြုံထည်တွေ ဝတ်ပြီး မျက်နှာအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေ ရွတ်နေကြတယ်၊ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ ပြောလာတာပါ။ အဲဒီနောက်ကစပြီး ငြိမ်သက်နေတဲ့ မြို့လေးမှာ ထူးခြားတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက် ရုတ်တရက်လန့်စေတဲ့ အခန်းတချို့လည်း ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်