Rosario (2026) IMDb Rating (6.6) ဘတ်သ်နဲ့အိဗ်တို့ရဲ့မိခင်ဆုံးပါးသွားချိန်မှာ အမျိုးတစ်ယောက်က မိခင်ဖြစ်သူရဲ့လက်ထဲကိုရှေးထုံးအရဆိုပြီး ပုတီးတစ်ကုံးထည့်ပေးခဲ့ပါတယ်။ အစဉ်အလာအရဆိုရင်တော့ ရုပ်အလောင်းကိုမမြုပ်နှံခင်မှာ အဲ့ဒီပုတီးကိုကြိုးဖြတ်ပစ်ရမှာဖြစ်ပေမယ့် ဒါမျိုးတွေကိုအယုံအကြည်မရှိတဲ့ သူတို့မောင်ဖြစ်သူက အဖြတ်မခံတဲ့အတွက် မဖြတ်ခဲ့ကြရပါဘူး။ အဲ့ဒီနောက်မှာတော့ ကျိန်စာဟာ သူတို့မိသားစုဆီရောက်ရှိလာပြီး မိသားစုဝင်တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လံသတ်ဖြတ်ပါတော့တယ်။ ကျိန်စာကိုအဆုံးသတ်ဖို့အတွက် ကူကယ်ရာမဲ့နေတဲ့ ဘတ်သ်ဟာ အယုံအကြည်မရှိကြတဲ့မွေးချင်းတွေကြားကနေ ကြိုးစားပြီး အဖြေရှာရတော့မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစပိုင်းကတော့မိသားစုဒရာမာကားဆန်ဆန်ဖြစ်နေခဲ့ပေမယ့် ကျိန်စာစတင်ပြီးတော့ သတ်ခန်းဖြတ်ခန်းတွေစလာချိန်မှာဇာတ်ကားကကြွတက်လာပါတယ်။ ဖိလစ်ပိုင်ဟော်ရာတွေကလည်းတစ်ခြား အာရှဟော်ရာရုပ်ရှင်တွေနဲ့တစ်မျိုးတစ်ဖုံကွဲထွက်နေတတ်တာမို့အရသာသစ်မြည်းစမ်းကြည့်ချင်သူတွေအတွက် ဇာတ်ကားတစ်ကားပါပဲ။ File size… (3.3 GB) / (710 MB) / (450 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:34:31 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်