Waxwork (1988) IMDb Rating (6.1) / Rotten Tomatoes (60%) မာခ့်နဲ့သူငယ်ချင်းတစ်စုဟာ မြို့ကိုရုတ်တရက်ရောက်လာတဲ့ ဖယောင်းရုပ်တုပြတိုက်တစ်ခုကိုသွားလည်ခဲ့ကြပါတယ်။ အဲ့ဒီပြတိုက်ထဲမှာက ဂန္ဓဝင်ထိတ်လန့်သည်းဖိုကားတွေထဲက မကောင်းဆိုးဝါးဇာတ်ကောင်ပေါင်းစုံရဲ့ဖယောင်းရုပ်တုတွေကိုပြသထားတာပါ။ ဒါပေမယ့် သတိမထားမိပဲ ပြခန်းစည်းဝိုင်းကို ကျော်ဝင်မိလိုက်ရင် သူတို့ဟာ ဖယောင်းရုပ်တုတွေရဲ့ကမ္ဘာလောကထဲရောက်ရှိသွားပြီး အဲ့ဒီထဲက ဒရာကူလာလို၊ သမန်းဝံပုလွေလို မကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်မှုကိုခံရပါတော့တယ်။ အဲ့ဒီည လှည့်ပတ်ကြည့်ရှုရင်းစိတ်မသန့်တဲ့ခံစားချက်ကြောင့် မာ့ခ်က ဆာရာနဲ့အတူ ပြန်ထွက်လာခဲ့ပေမယ့် အတူသွားခဲ့တဲ့သူ့သူငယ်ချင်းတွေ အိမ်ပြန်မရောက်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့ ဆာရာနဲ့အတူ ဒီဖယောင်းပြတိုက်နဲ့တကွ မကောင်းဆိုးဝါးတွေအားလုံးရဲ့နောက်ကွယ်က ပဟေဠိကိုအဖြေရှာရင်း သူငယ်ချင်းတွေကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဖယောင်းပြတိုက်ဆိုပေမယ့် ဇာတ်လမ်းဇာတ်အိမ်ဆန်းသစ်သလို ပြခန်းတစ်ခုစီမှာ နာမည်ကျော်မကောင်းဆိုးဝါးတစ်ကောင်စီရဲ့ကမ္ဘာငယ်တွေရှိနေတယ်ဆိုတဲ့ စိတ်ကူးကလည်း သူ့ခေတ်သူ့အခါအနေနဲ့ခေတ်ရှေ့ပြေးတဲ့စိတ်ကူးပါပဲ။ Dracula၊ Werewolf၊ Zombie၊ Phantom of the Opera၊ Marquis de Sade စတဲ့ဂန္ဓဝင်ဟော်ရာဇာတ်ကောင်ပေါင်းစုံကိုဇာတ်ကားတစ်ကားတည်းမှာတွေ့ရတာ ပျော်စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ကြည့်သင့်တဲ့ Cult Classic တစ်ကားပါပဲ။ File size… (2.7 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:37:31 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်