အသက် ၁၈ နှစ်အရွယ် ဟယ်လင်က သူ့ဘဝအကြောင်းကို ကိုယ်တိုင်ပြန်ပြောပြရာက ဇာတ်လမ်းစပါတယ်။ ငယ်ငယ်ကတည်းက ထူးခြားတဲ့ မိဘအုပ်ထိန်းပုံအောက်မှာ ကြီးပြင်းလာခဲ့ရသလို မိဘတွေ အဆင်မပြေဖြစ်တာ၊ ရန်ဖြစ်တာနဲ့ နောက်ဆုံး ကွာရှင်းသွားတာတွေကိုလည်း ကြုံခဲ့ရတယ်။ ဟယ်လင်ရဲ့ နေထိုင်ပုံကလည်း သာမန်နဲ့မတူပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်ရင် မသန့်ရှင်းတဲ့အရာတွေကို စမ်းသပ်တတ်ပြီး လိင်မှုရေးရာအပေါ်မှာလည်း သူ့ကိုယ်ပိုင်အမြင်တွေ ရှိနေသူပါ။ လိပ်ခေါင်းရောဂါရှိနေတဲ့ ဟယ်လင်ဟာ တစ်နေ့ အမွေးရိတ်ရင်း စအိုအရေပြားမှာ ကွဲပြဲဒဏ်ရာရသွားလို့ ဆေးရုံတက်ရပါတယ်။ ဆေးရုံရောက်နေတဲ့အချိန်မှာတော့ ကွာရှင်းထားတဲ့ မိဘနှစ်ယောက် ပြန်ပေါင်းစည်းနိုင်ဖို့ ကြိုးစားရင်း သူ့ကိုပြုစုတဲ့ သူနာပြုကောင်လေး ရော်ဘင်ကိုလည်း ချစ်မိလာတယ်။ ၂၀၀၈ ခုနှစ်မှာ ဂျာမနီနိုင်ငံ၌ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး လိင်မှုရေးရာနဲ့ မသန့်ရှင်းတဲ့အပြုအမူတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။ အဲဒီအကြောင်းတွေကြားမှာ ဟယ်လင် လိုချင်နေတာက ကွဲကွာသွားတဲ့ မိဘနှစ်ယောက် ပြန်ပေါင်းစည်းဖို့ပါပဲ။
ဇာတ်ကားကြည့်ရန်