ဂျွန်ကတ်တာဟာ အတိတ်က အမှားတစ်ခုကြောင့် ရဲအလုပ်ကနေ အနားယူပြီး လေကြောင်းလုံခြုံရေး သရုပ်ပြနည်းပြအဖြစ် အလုပ်လုပ်နေသူပါ။ တစ်နေ့မှာ နိုင်ငံတကာလေကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံရေးအရာရှိအဖြစ် ခန့်အပ်ခံရတာကြောင့် လော့စ်အန်ဂျလိစ်ကို ခရီးထွက်လာခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူစီးလာတဲ့လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲမှုများစွာ ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းလည်း ပါလာတယ်။ FBI ရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ချားစ်ရိန်းကို အေးဂျင့်နှစ်ယောက်က လော့စ်အန်ဂျလိစ်ဆီ ခေါ်ဆောင်လာတာပါ။ ဒါပေမယ့် ချားစ်ရိန်းက ကြိုတင်အချိန်းအချက်တွေနဲ့ အတူပါလာတဲ့ အေးဂျင့်နှစ်ယောက်ကို သတ်ပြီး လေယာဉ်ကို ပြန်ပေးဆွဲလိုက်ပါတယ်။ လုံခြုံရေးအရာရှိအဖြစ် အလုပ်စဝင်ခါစ ဂျွန်ကတ်တာလည်း လေယာဉ်ပေါ်မှာပဲ အကြမ်းဖက်သမားနဲ့ ရင်ဆိုင်ရပါတော့တယ်။ ၁၉၉၂ ခုနှစ်ထွက် အက်ရှင်မှုခင်းဇာတ်ကားဖြစ်ပြီး ဂျွန်ကတ်တာနေရာမှာ Wesley Snipes က သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်