Little Shop of Horrors (1986) IMDB : 7.1 Rotten Tomatoes : 91% Genre : Musical / Comedy ဒီရုပ်ရှင်က တော်တော်လေးကို ထူးခြားပြီး တော်တော်လေးလည်း ကြည့်လို့ကောင်းပါတယ်။ Musical / Comedy တွေက ၁၉၃၀ ကနေ ၁၉၆၀ လောက်ထိ ပေါပေါများများထွက်ခဲ့ပေမဲ့ ဒီဘက်ခေတ်မှာတော့ Musical / Comedy မရှိသလောက်ရှားလာပါပြီ။ ဒါကြောင့် ပရိသတ်အကြိုက်နှုန်းကလည်း သိသိသာသာကြီး ထိုးကျလာခဲ့ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ကို လူတိုင်းအကြိုက်တွေ့မှာမဟုတ်ပါဘူး။ တစ်ခုသိပေးချင်တာက ဒီရုပ်ရှင်သည် ဟာသကားဖြစ်နေသည့်တိုင် Oscar နှစ်ဆုနဲ့ Golden Globe နှစ်ဆု ဇကာတင်ပါခဲ့ပါတယ်။ ဆိုတော့ ဒီရုပ်ရှင်က အတော်လေးကို ထူးခြားတယ်လို့ဆိုနိုင်ပါတယ်။ ဇာတ်ညွှန်း ပန်းဆိုင်လေး တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က လူသိနည်းတယ်။ ရောင်းမသွက်ဘူး။ တော်တော်လေးကို အရှုံးပေါ်နေတဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်မှာ အလုပ်သမားနှစ်ယောက်ရှိတယ်။ တစ်ယောက်က လူတောမတိုးတဲ့ ဆေးမော၊ နောက်တစ်ယောက်က ကိုယ့်အပေါ်မကောင်းတဲ့လူကိုမှချစ်မိသွားတဲ့ အော့ဒရေးဆိုတဲ့ မိန်းကလေး။ ဆေးမောလက်ထဲကို ထူးဆန်းတဲ့ အပင်တစ်ပင်ရောက်လာခဲ့တယ်။ အဲဒီအပင်က ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အပင်နဲ့မှကိုမတူဘူး။ ဆေးမောက အော့ဒရေကိုစိတ်ဝင်စားနေသူဖြစ်ပြီး အဲဒီအပင်ကို အော့ဒရေ (၂) ဆိုပြီး နာမည်ပေးလိုက်တယ်။ အဲဒီအပင်ရောက်လာကတည်းက ဆိုင်ကိုစိတ်ဝင်စားသူတွေ အများကြီးရောက်လာပြီး ပန်းအရောင်းအားက ထိုးတက်သွားပါတော့တယ်။ ဒါပေမဲ့ ဆေးမောမသိလိုက်တာက အဲဒီအပင်က သာမန်အပင်တစ်ပင်မဟုတ်တာပါပဲ။ ဒီလိုနဲ့ ပြဿနာတွေ ဘယ်လိုကြုံလာရမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 2 GB/ 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Musical / Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်