Carolina Caroline (2026) +++++++++++ ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၂၆ ထွက် အသစ်စက်စက် Romantic Crime Thriller ကားကောင်းလေးတစ်ကားဖြစ်တဲ့ "Carolina Caroline" ပဲဖြစ်ပါတယ်။ ရုပ်ရှင်ပရိသတ်အားလုံး သိကြတဲ့ Ready or Not မင်းသမီးချော Samara Weaving နဲ့ မင်းသား Kyle Gallner တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာမို့ ကြည့်ရတာ တကယ်ကိုတန်စေမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းပုံစံလေးကတော့ တက္ကဆက်ပြည်နယ်က မြို့လေးတစ်မြို့မှာ နေထိုင်ပြီး ပျင်းစရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ချင်နေတဲ့ ကောင်မလေး Caroline ကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူဟာ ဆွဲဆောင်မှုရှိပြီး လျှို့ဝှက်ဆန်းပြားတဲ့ လူလိမ်အမျိုးသား Oliver နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Oliver ရဲ့ လွှမ်းမိုးမှုအောက်မှာ Caroline တစ်ယောက် ဘဝသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ပြီး မိသားစုဆီကနေ ထွက်လာခဲ့ပြီး Oliver ခေါ်ရာနောက်ကိုလိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ခရီးစဉ်ဟာ ထင်ထားသလောက် ရိုးရှင်းမနေခဲ့ပါဘူး။ အစပိုင်းမှာတော့ ပစ္စည်းအသေးအဖွဲလေးတွေ ခိုးတာ၊ ငွေလိမ်တာကနေစလို့ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရာဇဝတ်မှုတွေက တဖြည်းဖြည်း အရှိန်မြင့်လာပြီး ကြီးမားတဲ့ ဘဏ်ဓားပြတိုက်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ၊ အန္တရာယ်ကြားက အချစ်ဇာတ်လမ်းတွေနဲ့အတူ Caroline တစ်ယောက် ရိုးအတဲ့ ကောင်မလေးဘဝကနေ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘဏ်ဓားပြအမျိုးသမီးတစ်ဦးအဖြစ် ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အငွေ့အသက်ကို ခံစားရမယ့်အပြင်၊ သာယာငြိမ့်ညောင်းတဲ့ Country ရော့ခ်ဂီတသံစဉ်တွေနဲ့အတူ ရိုက်ချက်တွေကလည်း အရမ်းလန်းတာမို့ လက်မလွှတ်တမ်း ကြည့်ရှုကြဖို့ ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.69GB) / (821MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 47m Genre ….Crime , Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်