★ 6.7
ဇာတ်ကား / 2022Secret Headquarters
ချာလီတို့မိသားစု ပျော်ပွဲစားထွက်နေတုန်း သူတို့အနီးမှာ လေယာဉ်တစ်စီး ပျက်ကျလာပါတယ်။ ချာလီ့အဖေ ဂျက်က သွားကူညီရာကနေ မမျှော်လင့်ဘဲ ထူးဆန်းတဲ့အရာတစ်ခုနဲ့ ထိတွေ့မိသွားတယ်။ အဲဒီဖြစ်ရပ်နောက်မှာတော့ သူတို့မိသားစုရဲ့ ဘဝက လုံးဝပြောင်းလဲသွားပါတော့တယ်။ Paramount က ထုတ်လုပ်ထားတဲ့ ဒီစူပါဟီးရိုးဇာတ်ကားမှာ The Adam Project ကနေ လူသိများလာတဲ့ Walker Scobell နဲ့ Owen Wilson တို့အပြင် တခြားကလေးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ သဘာဝလွန်စွမ်းအားတွေနဲ့ တိုက်ခိုက်ခန်းတွေကြားမှာ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပါ တွဲဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်