The Thomas Crown Affair (1999) IMDb Rating (6.9) / Rotten Tomatoes (68%) James Bond မင်းသားအဖြစ်လူသိများကြတဲ့ မင်းသားကြီးPierce Brosnan ရဲ့တစ်ခေတ်တစ်ခါက နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၆၈ က မူရင်းဂန္ဓဝင်ဇာတ်ကားကို ခေတ်နဲ့အညီပြန်လည်ဆန်းသစ်ခဲ့တာပါ။ သောမတ်စ်ခရောင်းကစိန်ခေါ်မှုတွေနဲ့စွန့်စားမှုတွေကို သဘောကျတဲ့ ဘီလျံနာ သူဌေးတစ်ယောက်ဖြစ်ပြီး စီးပွားရေးလောကမှာ အရာရာအောင်မြင်ထားပြီးတဲ့နောက် ငြီးငွေ့လာတဲ့အတွက် နယူးယောက်Metropolitan ပြတိုက်ကနေ ဒေါ်လာ သန်း ၁၀၀ တန်မိုနေးပန်းချီကားတစ်ချပ်ကိုလှည့်ကွက်တွေအထပ်ထပ်နဲ့အောင်မြင်စွာခိုးယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့နဲ့အတူပါလာတဲ့ ပါးနပ်ပြီး လူရည်လည်လွန်းတဲ့ အာမခံကုမ္ပဏီက စုံစမ်းရေးအရာရှိ ကတ်သရင်းဘန်းနင်းက ခရောင်းကိုချက်ချင်းပဲ သံသယဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အချင်းချင်း ကြောင်နဲ့ကြွက်လို ပရိယာယ်မာယာတွေနဲ့အပြန်အလှန်ချဉ်းကပ်ပြိုင်ဆိုင်ကြရင်း တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှသွားချိန်မှာတော့..။ The Thomas Crown Affair ဟာ Heist Thriller ကိုမှ အချစ်ဇာတ်လမ်းထည့်ပေါင်းထားတဲ့ ဇာတ်ကားမျိုးပါ။ သူ့ခေတ်သူ့အခါက ဝင်ငွေအရရော၊ အနုပညာအရပါအောင်မြင်ခဲ့ပါတယ်။ အခုချိန်မှာ Micheal B Jordan ရဲ့ Remakeကားသစ်လည်းထွက်လာတော့မှာမို့ကြည့်ထားသင့်တဲ့ ဂန္ဓဝင်လက်ရာတစ်ခုပါပဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (7.2 GB) / (1.6 GB) / (0.98 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Romance Duration…. 01:54:14 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်