★ 6.1
ဇာတ်ကား / 2023Transfusion
ရိုင်ယန်လိုဂန်ဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့က စစ်သားဟောင်းတစ်ယောက်ပါ။ ဇနီးဖြစ်သူ ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားပြီးနောက် စစ်တပ်ကထွက်လာကာ မိတဆိုးသားလေးနဲ့အတူ ရရာအလုပ်လုပ်ပြီး နေထိုင်နေရပါတယ်။ ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ဝေဒနာအပြင် စစ်အတွင်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုလည်း ကုစားနိုင်ဖို့ ကြိုးစားနေရသူပါ။ သားရဲ့ရှေ့ရေးအတွက် ငွေပိုရှာဖို့ လိုအပ်လာတဲ့အခါမှာတော့ တပ်ထဲက အထက်အရာရှိဟောင်းနဲ့ ပူးပေါင်းဖို့ အကြောင်းဖန်လာတယ်။ အဲဒီကနေ ရိုင်ယန်တစ်ယောက် ဒုစရိုက်လောကထဲ ဝင်ရောက်လာရပါတော့တယ်။ ရိုင်ယန်လိုဂန်အဖြစ် Sam Worthington ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်နဲ့ ဒရာမာကို တွဲဖက်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်