★ 5.8
ဇာတ်ကား / 2022Dangerous Liaisons
ဆီလင်းရီဗာဟာ အချစ်နဲ့ ဖူးစာဖက်ဆိုတာကို ယုံကြည်တဲ့ ပဲရစ်သူလေးတစ်ယောက်ဖြစ်ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားသူလည်း ရှိပါတယ်။ သူ စီနီယာတန်းလာတက်တဲ့ ဗစ်တာဟူဂိုကျောင်းမှာတော့ ဆိုရှယ်မီဒီယာပေါ် နာမည်ကြီးတဲ့ လူငယ်တွေနဲ့ စုံတွဲတွေ ရှိနေကြတယ်။ အဲဒီအထဲက ထရီစတန်ဘာဒီအိုလာဟာ တစ်ကျောင်းလုံးမှာ အထင်ကရဖြစ်နေတဲ့ ကောင်လေးပါ။ ကျောင်းမှာ ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ ဗန်နက်ဆာက ထရီစတန်ကို စိန်ခေါ်မှုတစ်ခု လုပ်လာပါတယ်။ ရိုးအတဲ့ ဆီလင်းကို နှစ်လအတွင်း ရအောင်တွဲပြီး သူ့ကို ချစ်လာအောင် လုပ်ပြဖို့ပါ။ ထရီစတန်က စိန်ခေါ်မှုကို လက်ခံလိုက်ရာက ဆီလင်းနဲ့ သူ့ကြားမှာ အချစ်ဇာတ်လမ်းတစ်ခု စလာပါတယ်။
ဇာတ်ကားကြည့်ရန်