The Love Doctor (2026) ဒီဇာတ်ကားလေးကတော့ ၂၀၂၆ ခုနှစ်ထွက် Drama/Romance အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အလုပ်ချည်းပဲ ဖိလုပ်နေတတ်တဲ့ အမ်မာ က ချစ်သူရည်းစားလည်း မရှိတာကြောင့် အမေတွေ အဒေါ်တွေက ရည်းစားရှာဖို့ ခဏခဏတိုက်တွန်းတာ ခံရသူပါ။ အမ်မာ ကိုယ်တိုင်က ရည်းစားထားဖို့ စိတ်ကူးမရှိပေမဲ့လည်း တိုက်တွန်းမှုတွေကြောင့်ရော ကိုယ်တိုင်လည်း အထီးကျန်တာကြောင့်ရော အဒေါ်ဖြစ်သူ ညွှန်းတဲ့ အချစ်ဒေါက်တာ ဆိုတဲ့ နှလုံးသားရေးရာ မြားနတ်မောင် နစ်ခ် ကို ဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ မြားနတ်မောင်ကယ်လည်း မရနိုင်တဲ့ အပျိုကြီး အမ်မာ က အစမ်းတွေ့ကြည့်တဲ့ ဒိတ် ၃ ခုလုံးနဲ့ အဆင်မပြေပြန်ပါဘူး။ ဒီလိုနဲ့ပဲ နစ်ခ် ကလည်း အမ်မာ့ကို ကူညီဖို့အတွက်ရော ရင်းနှီးမှုတည်ဆောက်ဖို့အတွက်ပါ အစမ်းသဘောမျိုး ဒိတ်လေးတွေ လုပ်ကြည့်ရင်း နှစ်ယောက်သား ရင်းနှီးခဲ့ကြပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် စိတ်ညွတ်ကြပေမဲ့ ကံကြမ္မာဟာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တဲ့အခါ ရိုလာကိုစတာလို အတက်အကျများစွာနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။ File Size - 1.3 GB/ 565 MB Quality - WEB-DL 1080p/ 720p Duration - 1h 33m Format - mp4 Genre - Romance, Family Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်