★ 4.8
ဇာတ်ကား / 2023Mrs. Chatterjee Vs Norway
ဒေဘီကာတို့ဟာ နော်ဝေးမှာ နေထိုင်နေတဲ့ အိန္ဒိယမိသားစုတစ်စုပါ။ ခင်ပွန်းက အလုပ်လုပ်ပြီး ဝင်ငွေရှာပေးသလို ဒေဘီကာက အိမ်မှုကိစ္စတွေနဲ့ ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရပါတယ်။ နိုင်ငံရပ်ခြားမှာ အိမ်အလုပ်နဲ့ ကလေးကိစ္စတွေကို တစ်ယောက်တည်း မနိုင်မနင်း လုပ်နေရတဲ့ သူ့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်လွဲသွားကြတယ်။ အဲဒီနောက် ဒေဘီကာတို့ဇနီးမောင်နှံမှာ ကလေးတွေကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက်ကို အတင်းခေါ်ဆောင်သွားကြပါတယ်။ သားသမီးတွေနဲ့ ခွဲခွာလိုက်ရတဲ့ သာမန်မိခင်တစ်ယောက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ရာနီး အဓိကသရုပ်ဆောင်ထားပြီး အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။
ဇာတ်ကားကြည့်ရန်