The Cannonball Run (1981) IMDb Rating (6.2) / Rotten Tomatoes (29%) ၈၀ ခုနှစ်တွေရဲ့ အကျော်ကြားဆုံးနဲ့ အပျော်ရဆုံး Action Comedy ကားတွေထဲက တစ်ကားပါ။ ဒီဇာတ်ကားဟာ တကယ့်လက်တွေ့မှာ ရှိခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ကန့်သတ်ချက်မရှိ အမြန်ဆုံးဖြတ်မောင်းနှင်ရတဲ့ တရားမဝင် ပြိုင်ပွဲတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသားကြီး Jackie Chan ရဲ့ ဟောလိဝုဒ်နယ်ပယ်ထဲကို ပထမဆုံး စတင်ခြေချခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူက ဒီကားထဲမှာ နည်းပညာမြင့် ကွန်ပျူတာတပ်ဆင်ထားတဲ့ ကားကိုမောင်းတဲ့ ဂျပန်ပြိုင်ပွဲဝင်တစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ Connecticut ပြည်နယ်ကနေ California ပြည်နယ်အထိ အမေရိကန်တစ်နိုင်ငံလုံးကို ကားနဲ့ အမြန်ဆုံးဖြတ်မောင်းရမယ့် "Cannonball Run" ဆိုတဲ့ တရားမဝင် ပြိုင်ပွဲကြီးအကြောင်းပါ။ ဒီပြိုင်ပွဲမှာ ပါဝင်တဲ့သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ထူးထူးဆန်းဆန်း လူတွေချည်းပါပဲ။ အဓိကဇာတ်ဆောင် JJ McClure (Burt Reynolds) နဲ့ သူ့ရဲ့ သူငယ်ချင်း Victor (Dom DeLuise) တို့ဟာ ရဲတွေရဲ့ ဖမ်းဆီးမှုကို ရှောင်ရှားဖို့အတွက် သူတို့ရဲ့ ပြိုင်ကားကို "လူနာတင်ကားအဖြစ် ဟန်ဆောင်ပြီး ပြိုင်ပွဲဝင်ကြပါတယ်။ လမ်းခရီးမှာ တခြားပြိုင်ပွဲဝင်တွေရဲ့ နှောင့်ယှက်မှုတွေ၊ ထူးဆန်းတဲ့ အလွဲအချော်တွေနဲ့ ရဲတွေနဲ့ ပြေးလိုက်ပုန်းလိုက် ကစားရင်း ဘယ်သူက အရင်ဆုံးပန်းဝင်မလဲဆိုတာကို ရယ်မောရအောင် ရိုက်ပြထားပါတဲ့ Classic Comedy ကားကောင်းတစ်ကားပါ။ File size… (1.7 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Comedy,Family Duration…. 01:35:59 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်