Signed, Sealed, Delivered: To the Moon and Back (2025) IMDb Rating (7.5) ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ Signed, Sealed, Delivered (POstables) စီးရီးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Romance / Mystery အမျိုးအစားရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာလည်း ထုံးစံအတိုင်း ပေးစာဟောင်းလေးတစ်စောင်ကနေတစ်ဆင့် လိပ်စာရှင်ကို ရှာဖွေတဲ့ စုံထောက်ဆန်ဆန်ဇာတ်အိမ်ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ အရင်က ညကလပ် (Nightclub) ဟောင်းတစ်ခုဖြစ်ခဲ့တဲ့ နေရာမှာ ရှာတွေ့ခဲ့တဲ့ ပေးစာတစ်စောင်ကို POstables အဖွဲ့က လက်ခံရရှိရာကနေ စတင်ပါတယ်။ အဲဒီစာက သူတို့ကို လျှို့ဝှက်ဆန်းပြားတဲ့ ခရီးတစ်ခုဆီ ခေါ်ဆောင်သွားပြီး၊ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် ပုန်းအောင်းနေတဲ့ စာရေးသူကို ရှာဖွေဖို့ ကြိုးစားကြရပါတယ်။ တစ်ဖက်မှာလည်း အဓိကဇာတ်ဆောင် Oliver (Eric Mabius) ဟာ သူ့ရဲ့ မွေးဖခင်အကြောင်းနဲ့ ပတ်သက်ပြီး အမှန်တရားတွေကို ပိုမိုသိရှိလာရသလို၊ မကြာခင်မှာ ဖခင်တစ်ယောက် ဖြစ်လာတော့မယ့် အခြေအနေကြောင့် စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရုန်းကန်နေရပုံကို ကြည်နူးဖွယ် မြင်တွေ့ရမှာပါ။ TV-G rating ဖြစ်တဲ့အတွက် မိသားစုနဲ့အတူတူ စိတ်အပန်းပြေပြေ ကြည့်ရှုသင့်တဲ့ ဒရမ်မာကားကောင်းလေးတစ်ခုပါ။ File size… (930 MB) / (570 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery,TV Movie Duration…. 01:24:15 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်