Kidnapping My Own Daughter (2026) ငယ်ငယ်ထဲက မတရားလုယူခံလိုက်ရတဲ့ ကလေးကို ပြန်ရယူဖို့ကြိုးစားတဲ့ မိခင်တစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ Thriller ရုပ်ရှင်ကောင်းတစ်ခုပါ မိခင်နှင့်ကလေး စောင့်ရှောက်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဖေးဝေါလ်ဒန်ဟာ တာဝန်ကျေပွန်ပြီး စိတ္တကောင်းရှိတဲ့ လူမှုဝန်ထမ်းမလေးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကလေး ပြုစုပျိုးထောင်ဖို့ မထိုက်တန်ဘူးလို့ သတ်မှတ်ခံရပြီး သမီးဖြစ်သူကို အစိုးရက ထိန်းသိမ်းခွင့် ရုပ်သိမ်းလိုက်တာကို ခံခဲ့ရတဲ့ မိခင် တက်စ်ဒွန်နဲလီဆိုသူနဲ့ ကြုံတွေ့လိုက်ရပါတော့တယ်။ စိတ်ဝေဒနာ ခံစားနေရပြီး ဒေါသထွက်နေတဲ့ တက်စ်ဟာ သမီးဖြစ်သူကို ပြန်ရဖို့အတွက် တာဝန်ခံ လူမှုဝန်ထမ်း ဖေးကို ပစ်မှတ်ထားပြီး လက်စားချေဖို့ စတင် ကြံစည်ပါတော့တယ်။ ကလေးငယ်ရဲ့ လုံခြုံရေး၊ ဖေးရဲ့ အသက်အန္တရာယ်နဲ့အတူ စိတ္တဇဆန်တဲ့ မိခင်တစ်ဦးရဲ့ မမျှော်လင့်နိုင်တဲ့ ပြန်ပေးဆွဲမှု ရန်ငြိုးတွေကို သည်းထိတ်ရင်ဖို ကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်