Bad Apples (2025) ဒီကားလေးကတော့ Saoirse Ronan အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Dark Comedy နဲ့ Thriller ဇာတ်ကားကောင်းလေး တစ်ကားပါ။ ပန်းသီးပုပ်ဆိုတာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားပုံနဲ့ အဓိပ္ပါယ်ဆင်တူပါတယ်။ ဇာတ်လမ်းကတော့ မာရီယာ လို့ခေါ်တဲ့ မူလတန်းကျောင်းဆရာမလေး တစ်ယောက်အကြောင်းပါ။ သူစာသင်ရတဲ့ အတန်းထဲမှာ ဒန်နီ လို့ခေါ်တဲ့ အရမ်းဆိုးပြီး ပြဿနာရှာတတ်တဲ့ ကျောင်းသားလေး တစ်ယောက်ရှိတယ်။ ဒန်နီကြောင့် အတန်းထဲမှာ နေ့တိုင်းလိုလို ပြဿနာတွေ တက်နေရတော့ မာရီယာလည်း စိတ်ညစ်ပြီး ကျောင်းအုပ်ကြီးဆီ အကူအညီတောင်းပေမဲ့ အငြင်းခံလိုက်ရတယ်။ တစ်နေ့မှာတော့ မာရီယာ က အဲဒီ ဆိုးလွန်းတဲ့ ကျောင်းသားလေး ဒန်နီ ကို သူ့အိမ်က မြေအောက်ခန်းထဲမှာ မတော်တဆ ပိတ်လှောင်မိသွားပါတော့တယ်။ အစကတော့ မာရီယာလည်း လန့်သွားပြီး ပြန်လွှတ်ပေးဖို့ လုပ်ပေမဲ့၊ ဒန်နီ မရှိတဲ့အချိန် အတန်းထဲက တခြားကလေးတွေ ပိုပြီး စာသင်လို့ကောင်းလာတာ၊ ကျောင်းသားတွေ ပိုပြီး တိုးတက်လာတာကို တွေ့လိုက်ရတဲ့အခါ ပြဿနာ စပါတော့တယ်။ တစ်ယောက်တည်းသော ဆိုးသွမ်းတဲ့ ကလေးကို ဖယ်ထုတ်လိုက်တာက အများအတွက် ပိုကောင်းသွားစေလား ဆိုတဲ့ မေးခွန်းနဲ့အတူ၊ မာရီယာ တစ်ယောက် ဒန်နီကို ပြန်လွှတ်ပေးမလား၊ ဒါမှမဟုတ် ဆက်ပြီး ပိတ်လှောင်ထားမလား ဆိုတာကို ရယ်စရာလေးတွေ၊ သည်းထိတ်ရင်ဖိုစရာလေးတွေနဲ့ ရောပြီး ရိုက်ပြထားတာပါ။ ဆရာမ မာရီယာ အဖြစ် ဆာရှာ ရိုနန် က အပီပြင်ဆုံး သရုပ်ဆောင်ထားပြီး၊ ဒါရိုက်တာ ဂျိုနသန် အက်ဇ်လာ က ရိုက်ကူးထားတာပါ။ ဇာတ်လမ်းသွားက နည်းနည်း ထူးဆန်းပေမဲ့ အမိုက်စား Dark Comedy ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။
ဇာတ်ကားကြည့်ရန်