The Boys (2019-2026)) Season (1 to 5) စ/ဆုံး The Boys တွေရဲ့ နောက်ဆုံးစီစန် လာပါပြီ.... ဇာတ်လမ်းက Season 4 ပြီးသွားတဲ့ အချိန်ကနေ တစ်နှစ်လောက် အကြာကို အခြေခံထားတာပါ။ ဟျူဝီတို့အဖမ်းခံထားရတာကို စတားလိုက်နဲ့ဘတ်ချာတို့ ကယ်ထုတ်ဖို့ ကြိုးစားတာကနေ စမှာပါ။ ဟုမ်းလန်ဒါအနေနဲ့တော့ သမ္မတကို ကြိုးကိုင်တဲ့နေရာကိုယူထားပြီး တစ်နိုင်ငံလုံးကို အေအိုင် နဲ့ သတင်းအတုတွေ ဝါဒဖြန့်၊ အမေရိကအဓိကတို့ ခရစ်ယာန်နိုင်ငံတော်ကြီးဖြစ်ရေးတို့နဲ့ စည်းရုံး၊ DEI ကို ဖျက် တရားရေးအဖွဲ့တွေကို ချုပ်ကိုင်ပြီး အာဏာရှင်လုပ်နေပါပြီ။ စတားလိုက်အဖွဲ့တွေကို ကွန်မြူနစ်အဖြစ်စွပ်စွဲတာ၊ ချွေးတပ်စခန်းလုပ်ပြီးဖမ်းတာမျိုးတွေလုပ်နေတဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ ပို့စ်တင်တဲ့သူ လိုက်ခ်ပေးတဲ့သူတွေကအစ ဖမ်းဖို့ ပြင်နေပါပြီ။ ဘတ်ချာကလည် ဟုမ်းလန်ဒါရော စူပါတွေအကုန်လုံးကိုရော သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကိုရဖို့ ဆက်ကြိုးစားနေဆဲမို့ ဒီစီစန်မှာ အကြီးအကျယ် ကြမ်းကြတော့မှာ သေချာပါတယ်။ ကြည့်လိုက်ကြပါဦး။ +++++++++++ ဒီစီးရီးက 2019 မှာ စထွက်ခဲ့ပြီး Season တစ်ခုမှာ အပိုင်း ၈ ပိုင်းရှိပါတယ်...CM အနေနဲ့ ထွက်ရှိသမျှတွေကို ဘာသာပြန်တင်ဆက်ခဲ့ပြီးပါပြီ.... ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး... စူပါ ပါဝါရှိပြီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်... ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်... ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့....SE1 ထဲက ရှယ်ကြမ်းသလို နောက်ပိုင်းမှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်....။ Season အားလုံးကို 4K/1080p/720p နဲ့ တင်ဆက်ထားပါပြီ။
ဇာတ်ကားကြည့်ရန်