Worldbreaker (2025) IMDb Rating (4.3) / Rotten Tomatoes (41%) ဒါရိုက်တာ Brad Anderson ရိုက်ကူးထားပြီး Resident Evil မင်းသမီး Milla Jovovich ရော၊ Beauty and the Beast ထဲက Luke Evans ရော အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Sci-Fi, Action, Horror ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးက လွန်ခဲ့တဲ့ ၅ နှစ်လောက်က သဘာဝလွန် အက်ကြောင်းကြီးတစ်ခုကနေ "Breakers" ဆိုတဲ့ ကမ္ဘာဖျက်ကောင်ကြီးတွေ ရောက်လာတဲ့အကြောင်းကို အခြေခံထားတာပါ။ အဲဒီကောင်ကြီးတွေက ယောက်ျားလေးတွေကို ကိုက်လိုက်တာ ဒါမှမဟုတ် ကုတ်ဖဲ့လိုက်တာနဲ့ သွေးနှောကောင် (hybrids) တွေအဖြစ် ချက်ချင်းပြောင်းပစ်နိုင်တယ်။ ဒါကြောင့် ယောက်ျားတွေ သေတဲ့လူသေ၊ ဘီလူးဘဝရောက်တဲ့လူရောက် ဖြစ်ကုန်တော့ မိန်းမတွေကပဲ ဦးဆောင်ပြီး ပြန်တိုက်ခိုက်ရတဲ့ အနေအထားပေါ့။ ဇာတ်လမ်းထဲမှာ အမေလုပ်သူ (Milla Jovovich) က ရှေ့တန်းမှာ ဝင်တိုက်နေချိန် အဖေဖြစ်သူ (Luke Evans) က သမီးလေး Willa ကို ဘေးကင်းအောင်ဆိုပြီး လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ် ခေါ်သွားပြီး ပုန်းနေခဲ့တယ်။ အဲဒီမှာ သမီးဖြစ်သူကို အသက်ရှင်သန်ဖို့နဲ့ ရှေ့ဆက်ပြီး သူလုပ်စရာရှိတာလုပ်နိုင်အောင် သေချာလေ့ကျင့်ပေးထားတယ်။ တစ်နေ့တော့ ကျွန်းပေါ်ကိုလည်း အကောင်တွေ ရောက်လာတဲ့အခါ သားအဖနှစ်ယောက်အသက်ရှင်ဖို့ ဘယ်လို ရုန်းကန်ကြမလဲဆိုတာ ကြည့်ရမှာပါ။ File size… (3.4 GB) / (1.1 GB) / (780 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Science Fiction Duration…. 01:31:35 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်