"သွေးနဲ့ရေးတဲ့ သစ္စာမြေ" လွန်ခဲ့တဲ့ ၂၅ နှစ်က ထိုင်းနိုင်ငံရဲ့ ရင်ဘတ်ထဲမှာ အထင်ကရ စွဲထင်ကျန်ရစ်ခဲ့တဲ့ ဒဏ္ဍာရီလာ နာမည်ကျော်ဇာတ်ကားကြီးကတော့ ဒီနေ့မှာ ခေတ်မီဆန်းသစ်တဲ့ ရိုက်ကူးရေး၊ ရင်ခုန်စရာ အက်ရှင်ခန်းနဲ့အတူ ၂၀၂၆ ခုနှစ်ရဲ့ အထူးခြားဆုံး ဗားရှင်းသစ်အဖြစ် ပြန်လည်ရောက်ရှိလာပါပြီ "တချို့စစ်ပွဲတွေမှာ သွေးနဲ့ မြေကို ကာကွယ်ရသလို တချို့စစ်ပွဲတွေမှာတော့ နှလုံးသားကိုယ်တိုင် စစ်မြေပြင်ဖြစ်လာတတ်တယ်" ကိုယ့်တာဝန်ကို အသက်ထက်တောင် ပိုအလေးထားတဲ့ စစ်သားလေး " ချွန်လာချာတ် " ကိုယ့်လူမျိုးနဲ့ ကိုယ့်မွေးရပ်မြေအတွက် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို အသင့်ရှိနေတဲ့ ကာဆေးလူမျိုးစုရဲ့ စစ်သည်တော် " မင်းတာဒါ " မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်သန်နေကြတဲ့ ဒီလူနှစ်ယောက်ရဲ့ ဘဝလမ်းကြောင်းတွေဟာ အချစ်ကို တန်ဖိုးထားတဲ့ ကောင်မလေး "ဇာ"နဲ့ ဆုံတွေ့လာတဲ့အခါ အရာအားလုံး ဗြောင်းဆန်သွားခဲ့ရပါတယ် တစ်ချိန်တည်းမှာပဲ ကာဆေးဒေသမှာ စစ်ပွဲရဲ့အရိပ်မည်းကြီးက ပိုမိုနီးကပ်လာပြီး လူမျိုးတစ်မျိုးရဲ့ ရှင်သန်ရေးနဲ့ မွေးရပ်မြေရဲ့ အနာဂတ်ဟာ အန္တရာယ်ကြား ရောက်ရှိလာပါတယ် ကာဆေးဒေသဟာ ဆာဝင်အစိုးရရဲ့ အဆုံးအဖြတ်ပေးမယ့် အပြတ်အသတ် ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ် နှစ်နိုင်ငံကြား စီးဆင်းနေတဲ့ မြစ်ကမ်းပါးယံမှာ နိုင်ငံတော်အတွက် တာဝန်ဝတ္တရားတွေကြား ချွန်လာချာတ်၊ မင်းထာဒါနဲ့ ဇာ တို့ရဲ့ ရင်ခုန်သံနဲ့ နှလုံးသားခရီးလမ်းကရော ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ.. ဇာတိမြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ သစ္စာနဲ့သွေး စွန်းထင်းမယ့် ခရီးလမ်းကို ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့တွေမှာ အတူတူ စောင့်မျှော်ကြည့်ရှူကြရအောင်နော်...
ဇာတ်ကားကြည့်ရန်