★ 6.1
ဇာတ်ကား / 2016Keanu
ကောင်မလေးက ထားသွားလို့ အသည်းကွဲနေတဲ့ ရဲလ်ရဲ့အိမ်ရှေ့ကို တစ်နေ့မှာ ကြောင်လေးတစ်ကောင် ရောက်လာပါတယ်။ ရဲလ်က မြင်မြင်ချင်း မွေးစားဖို့ ဆုံးဖြတ်လိုက်ပြီး ကီနူးလို့ နာမည်ပေးထားတယ်။ ဒါပေမဲ့ ဒီကြောင်လေးက သာမန်လမ်းဘေးကြောင် မဟုတ်ဘဲ အယ်လ်အေက မူးယစ်ရာဇာတစ်ယောက် မွေးထားတဲ့ကြောင် ဖြစ်နေပါတယ်။ တစ်နေ့ ရဲလ်နဲ့ သူ့အစ်ကိုဝမ်းကွဲ ကလဲရန့်စ်တို့ ရုပ်ရှင်ကြည့်ပြီး ပြန်လာတဲ့အခါ အိမ်ဖောက်ခံထားရပြီး ကီနူးလည်း ပျောက်နေတယ်။ နှစ်ယောက်သား လိုက်စုံစမ်းကြည့်တော့ ကြောင်လေးကို လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ခိုးသွားတာ ဖြစ်နေပါတယ်။ ကီနူးကို ပြန်ရဖို့ ကြိုးစားရင်း သူတို့နှစ်ယောက် ဘယ်လိုအရှုပ်အထွေးတွေထဲ ဝင်မိကြမလဲဆိုတာကို အက်ရှင်နဲ့ ဟာသရောပြီး တင်ပြထားတာပါ။ ဟာသသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Key နဲ့ Peele တို့ ပါဝင်ထားပြီး ကြောင်လေးကီနူးအဖြစ် ကီနူး ရီဗ်က အသံသရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်