★ 6.5
ဇာတ်ကား / 2017Sand Castle
တက္ကသိုလ်တက်ဖို့ ငွေမရှိတာကြောင့် စစ်တပ်ထဲ ဝင်လာတဲ့ အမေရိကန်စစ်သားလေးတစ်ယောက် ရှိပါတယ်။ သူ့မှာ ကြီးကြီးမားမား ရည်မှန်းချက်လည်း မရှိဘူး။ အီရတ်စစ်ပွဲကို မလိုက်ချင်လို့ ကိုယ့်လက်ကိုယ် ပြန်ချိုးတဲ့အထိ လုပ်ပေမယ့် နောက်ဆုံးတော့ အီရတ်စစ်မြေပြင်ကို ရောက်သွားခဲ့တယ်။ အဲဒီမှာ အရပ်သားနဲ့ ရန်သူကို ခွဲခြားဖို့ ခက်ခဲပြီး ဘယ်သူ့ဆီက ပစ်ခတ်မှုလာမလဲဆိုတာလည်း မသိနိုင်ပါဘူး။ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအတွက် အချိန်မရွေး အသက်ဆုံးရှုံးနိုင်တဲ့ နေရာဖြစ်နေတယ်။ မသွားချင်တဲ့ စစ်မြေပြင်ကို ရောက်လာတဲ့ သူ ဘာတွေကြုံရမလဲ၊ အသက်ရှင်နိုင်ပါ့မလား။ အီရတ်လူမျိုးတွေနဲ့ မြေပြင်မှာ တကယ်တွေ့ဆုံရတဲ့အခါ သူ့အမြင်တွေကရော ဘယ်လိုရှိလာမလဲ။
ဇာတ်ကားကြည့်ရန်