ဇာတ်ကား / 2019MetamorphosisMetamorphosis (2019)
သရဲတစ္ဆေတွေ ရှိတယ်ဆိုတာ ယုံလား ..
တကယ်လို့ သရဲတစ္ဆေတွေက ကိုယ့်မိသားစုဝင်ရဲ့ ပုံစံလိုလိုနဲ့ လူယောင်တုပ ဟန်ဆောင်နေတတ်ပြီး ခြောက်လန့်တတ်ကြတယ်ဆိုရင်ရော ..
ဒီတစ်ခေါက်မှာတော့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးစားတွေကို ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Metamorphosis ဆိုတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..
ဇာတ်လမ်းအကျဉ်း
ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်းဆူ (Bae Sung Woo) ဟာ အပနှင်ရာမှာ မအောင်မြင်ခဲ့တာကြောင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့အတွက် .. သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားနေရပြီး ဘာသာရေးတာဝန်တွေကနေ ရှောင်တိမ်းနေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့်ပဲ အစ်ကိုဖြစ်သူ ဂန်းဂူ (Sung Dong II) တို့ မိသားစုဟာလည်း အိမ်ပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဂျွန်းဆူကို ဒုက္ခပေးခဲ့တဲ့ မကောင်းဆိုးဝါးဟာ သူတို့မိသားစုနောက်ကို လိုက်လာပြီး အိမ်အသစ်မှာ စတင် ကျူးကျော်သောင်းကျန်းပါတယ်။
ဒီမကောင်းဆိုးဝါးဟာ မိသားစုဝင်တွေထဲက တစ်ဦးဦးရဲ့ ပုံစံကို အသွင်ယူထားပြီး နေတတ်တာကြောင့် မိသားစုဝင်အချင်းချင်းကြားမှာ သံသယ၊ ကြောက်ရွံ့မှုနဲ့ အယုံအကြည် ကင်းမဲ့မှုတွေ စတင် ဖြစ်ပေါ်လာပါတော့တယ်။
အစ်ကိုဖြစ်သူရဲ့မိသားစုမှာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လာရတဲ့အခါ ဂျွန်းဆူကလည်း သူ့ရဲ့ အတိတ်က အမှားကို ပြန်လည်ဖြေဆည်ဖို့နဲ့ .. သူ့ရဲ့ အစ်ကိုမိသားစုကို ကယ်တင်ဖို့အတွက်
နောက်ဆုံးတစ်ကြိမ်အနေနဲ့ မကောင်းဆိုးဝါးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့အချိန်မှာတော့ ..
ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို အသက်ရှူဖို့ မေ့လောက်အောင် ရင်တထိတ်ထိတ်နဲ့ ဇာတ်ကားထဲမှာပဲ ခံစားကြည့်လိုက်ပါနော် ..
သရုပ်ဆောင်တွေအနေနဲ့ကတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bae Sung Woo, Sung Dong Il, Jang Young Nam တို့အပြင် A Shop for Killers က Kim Hye Joon, Head over Heels က Cho Yi Hyun တို့ ပါဝင်သရုပ်ဆောင်ထားလို့ အပိုအလိုမရှိ ထိထိမိမိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
File size…1.29GB / 602MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….1 hr. 53 min.
Genre ….. Thriller, Horror, Psychological, Supernatural, Drama
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်