★ 8.3
ဇာတ်ကား / 1998The Legend of 1900
ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာ မွေးပြီး စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ကို စိတ်သဘောကောင်းတဲ့ လူမည်းအလုပ်သမားတစ်ဦးက မွေးစားလိုက်ပါတယ်။ ကလေးကို ၁၉၀၀ လို့ နာမည်ပေးပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဒီလိုနဲ့ နံပါတ်တစ်ခုကို နာမည်အဖြစ်ရထားတဲ့ ကလေးလေးဟာ သင်္ဘောပေါ်မှာ ကြီးပြင်းလာရင်း စန္ဒရားတီးတဲ့ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လာပါတယ်။ ၁၉၀၀ က တစ်သက်လုံး ဗာဂျင်နီးယန်းသင်္ဘောပေါ်က မဆင်းဖူးသူပါ။ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို မမက်မောသလို သင်္ဘောပေါ်ကနေ ဆင်းသွားဖို့လည်း မရဲဘူး။ သူ့ရဲ့ထူးခြားတဲ့ဘဝအကြောင်းကို သူငယ်ချင်းဖြစ်သူက ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို တင်ဆက်ထားပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ရိုက်ကူးထားပြီး Tim Roth နဲ့ Pruitt Taylor Vince တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်