Avicii – I’m Tim (2024) IMDB – 7.9/10 EDM လောကမှာ Avicii ဆိုတာ မသိသူရှားပါတယ်။ EDM နားမထောင်လည်း သူ့ သီချင်းတွေကို ကြားဖူးနေကြမယ်ဆိုတာလည်း သေချာပါတယ် Wake Me Up တို့ The Nights တို့ Waiting for Love တို့ စသဖြင့် အများကြီးပါ။ Avicii ဆိုတာ အဓိပ္ပာယ်အပြည့် သီချင်းကောင်းတွေနဲ့အတူ ချန်ရစ်ပြီး စောစောစီးစီး အရွယ်ကောင်းနဲ့ ကြွေလွင့်ခဲ့ရတဲ့ အနုပညာသမားကောင်းတစ်ယောက်ပါ။ ၂၀၁၇ ခုနှစ်မှာတုန်းကလည်း သူ့အကြောင်း Documentary တစ်ကား ထွက်ခဲ့ပါသေးတယ်။ ဒီကားမှာတော့ ငယ်ဘဝတုန်းက မှတ်တမ်းတွေရော မိတ်ဆွေတွေရဲ့ အမှတ်တရတွေကို ပြန်ပြောပြ ဇာတ်ဖော်ထားပြီး အစုံအလင်ပါဝင်ထားပြီး ပိုပြီး ပြည့်စုံစေတယ်လို့ မြင်မိပါတယ်။ ငယ်ရွယ်စဉ်ဘဝမှာ EDM ကို ဘယ်လိုထိတွေ့ခဲ့ပြီး ဘယ်လိုမျိုး စလုပ်ဖြစ်ခဲ့တာတွေ။ ဘယ်လိုမျိုး အောင်မြင်ခဲ့တာတွေ။ အောင်မြင်လာတဲ့အလျောက် ဘယ်လိုမျိုး ဆိုးကျိုးတွေကို ခံစားရပြီး ဘာဖြစ်ခဲ့သလဲဆိုတာကို တင်ဆက်ထားတာပါ။ Tiesto တို့ Alesso တို့ David Guetta တို့ Coldplay အဆိုတော် Christ Martin တို့ စသဖြင့် နာမည်ကျော်တွေလည်း ပါဝင်ထားတာကို မြင်ရပါဦးမယ်။ Avicii ဆိုတာ ထာဝရတည်တံ့စေမယ့် သီချင်းတွေ ဖန်တီးချင်တယ်တဲ့ တကယ်လည်း လူသေသွားခဲ့ပေမဲ့ သီချင်းတွေက ခုထိရှင်ကျန်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်က EDM သမားတစ်ယောက်ပါ ကျွန်တော့်အတွက် ဘဝမှာ အနှမြောဆုံးတစ်ခု ပြောရမယ်ဆိုရင် Avicii ကို အပြင်မှာ Liveset မကြည့်ခဲ့လိုက်ရတာပါပဲ။ အခုချိန်ထိ တချို့ EDM သီချင်းတွေ နားထောင်မိလို့ သူတီးခဲ့တာလေးတွေနဲ့ ဆင်နေရင် ဒါက Avicii စတိုင်ပါလားဆိုပြီး ဒီလောကမှာ ပြောစမတ်တွင်ရလောက်အောင် သမိုင်းချန်ထားခဲ့သူပါ။ အဲဒါကလည်း သူ America မှာ ဒီ Folk, Rock, Blue ဆန်ဆန်လေးတွေနဲ့ House ကို တွဲလုပ်လိုက်တာက ပိုပြီး ထူးခြားသွားစေတယ် ပြောရမယ်။ သူ့အနေနဲ့ True ရယ် Stories ရယ် Tim ရယ် Album ၃ ခွေထွက်ခဲ့ပြီး နောက်ဆုံးခွေ Tim ကတော့ သူ ဆုံးပြီးမှ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ သီချင်းတွေအနေနဲ့ ကျွန်တော်က အကုန်လုံးနီးပါး ကြိုက်တယ်ဆိုပေမဲ့ လူသိပ်မသိတဲ့ Stories ခွေထဲက City Lights ရယ် Can't Catch Me ဆိုတဲ့ အပုဒ်လေးကတော့ မှတ်မှတ်ရရပါပဲ။ ဒီ ရုပ်ရှင်လေးထဲမှာဆို True Album ကို ထူးထူးခြားခြား Ultra ပွဲကြီးမှာ Debut လုပ်ခဲ့တာတွေ၊ သီချင်းတွေ ဖန်တီးမှုရဲ့နောက်ကွယ်က မှတ်တမ်းတွေ ကြည့်ရတာ တကယ်ကို Nostalgia ဖြစ်ပါတယ်။ အောင်မြင်လာတဲ့ Avicii တစ်ယောက် သူ့အတွက် မအောင်မြင်ခင်က ပိုပျော်ရွှင်ရတယ်ဆိုပြီး ဖြစ်လာတယ်၊ အောင်မြင်မှုနောက်က ငွေကြေးတွေ မကြိုက်တော့ဘူး လွတ်လပ်မှုကို ရှာဖွေချင်တယ်ဆိုပြီး အိုမန်နိုင်ငံမှာ ကိုယ့်ကိုကိုယ် ဖန်ခွဲစနဲ့ အဆုံးစီရင်သွားရလောက်အောင် သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲဆိုတော့ သူကိုယ်တိုင်ပဲ သိမှာပါ။ အနုပညာတွေကိုပဲ လွတ်လပ်စွာဖန်တီးချင်တဲ့လူတစ်ယောက်က ကတိကဝတ်တွေ Deadline တွေ လူပိန်းကြိုက် လုပ်ရတာတွေ အောင်မြင်မှုတွေ ငွေကြေးတွေ ကြိုးကိုင်မှုတွေရဲ့အောက်မှာ နေရတာ မွန်းကျပ်လာပြီး အားရပါးရ ဖွင့်ထုတ်လိုက်တယ်လို့ မြင်မိပါတယ်။ ဘယ်လိုနေနေပါ သူ မရှိတော့ပေမဲ့ သူ့ သီချင်းတွေကတော့ သူပြောခဲ့သလို ထာဝရတည်မြဲနေပြီး ခုထိ အောက်မေ့အမှတ်ရနေဆဲပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thura Aung
ဇာတ်ကားကြည့်ရန်