Secret of Kalinga (2026) "ကာလင်ဂါရဲ့ လျှို့၀ှက်ချက်" IMDb - 7.5/10 ခရစ်ရှ်နန်ဗာမာသမ်ပူရန်လက်ထက်မှာ ကာလင်ဂါအင်ပါယာကြီးက သိပ်ကို စည်ပင်၀ပြော ကြီးထွားလာခဲ့တာပေါ့။ အဲဒီလို စည်ပင်၀ပြောမှုနောက်ကွယ်မှာ လျှို့၀ှက်ချက်တွေရှိခဲ့တယ်။ အဲဒီလျှို့၀ှက်ချက်ကို မင်းကြီးရယ် နန်းတွင်းကလူတချို့ရယ်လောက်ကလွဲရင် ဘယ်သူမှမသိပါဘူး။ အဲဒီလျှို့၀ှက်ချက်ကို ဆက်ခံမယ့်သူက မင်းသမီး မန်ဒါကီနီ။ ဒါပေမဲ့လည်း ရက်စက်တဲ့မျိုးနွယ်စုတစ်ခုက နန်းတော်ကိုဝင်စီး၊ မင်းသမီးမန်ဒါကီနီကို ရေတွင်းထဲမှာပိတ်လှောင်ပြီး နှိပ်စက်သ-တ်ဖြတ်ခဲ့ကြတယ်။ လေးရက်မြောက်နေ့မှာတော့ မန်ဒါကီနီက လက်စားချေတတ်တဲ့ သရဲတကောင်အဖြစ်နိုးထလာပြီး သူ့ကိုနှိပ်စက်သ-တ်ဖြတ်ခဲ့တဲ့ မျိုးနွယ်စုတခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်ခဲ့တာပေါ့။ ရာစုနှစ်တွေ ကြာလာတဲ့နောက်မှာတော့ အဲဒီမန်ဒါကီနီကို ပိတ်လှောင်ခဲ့တဲ့ ရေတွင်းရှိတဲ့ တောအုပ်နားမှာ ကောလိပ်ကျောင်းတခု ရှိလာခဲ့တယ်။ တောအုပ်ကိုလည်း မန်ဒါကီနီကို အစွဲပြုပြီး မန်ဒါကီနီတောအုပ်လို့ခေါ်ကြတာပေါ့။ မန်ဒါကီနီတောအုပ်ထဲ သွားကြသူတချို့ ထူးထူးဆန်းဆန်း -ေသဆုံးသွားကြတတ်တာမို့ တောအုပ်ထဲမသွားဖို့ ကျောင်းအုပ်ချုပ်ရေးပိုင်းက အမိန့်ထုတ်တားမြစ်ထားပေမယ့် ကောလိပ်ကျောင်းသားတွေ ဆန္ဒပြကြတာမို့ ပြန်ဖွင့်ပေးလိုက်ရပါတယ်။ ဒီမှာပဲ မယုံကြည်သူတွေ တောအုပ်ထဲကို စူးစမ်းဖို့ ဝင်မိကြတဲ့အခါမှာတော့...။ File size… 1.22 GB / 687 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်