★ 5.8
ဇာတ်ကား / 2022Maigret
ပဲရစ်မြို့မှာ ညနေခင်းပွဲတက်ဂါဝန် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့ကြပါတယ်။ သူ ဘယ်သူလဲဆိုတာတောင် မသိရသေးတဲ့အတွက် ရဲမင်းကြီး မိုင်းဂရက်ဟာ မိန်းကလေးရဲ့ နောက်ကြောင်း၊ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းနဲ့ လက်သည်တရားခံကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားဟာ Georges Simenon ရေးသားခဲ့တဲ့ Maigret စုံထောက်ဝတ္တုတွေကို အခြေခံထားတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ ပထမဆုံး Maigret ဝတ္တုကို ၁၉၃၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၃၂ ခုနှစ်မှာတော့ ပြင်သစ်ဒါရိုက်တာ Jean Renoir က ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အကြိမ်ကြိမ် ပြန်လည်ရိုက်ကူးခဲ့ကြပြီး မစ္စတာဘင်းန်အဖြစ် လူသိများတဲ့ Rowan Atkinson သရုပ်ဆောင်ထားတဲ့ စီးရီးလည်း ရှိပါတယ်။ အခုဇာတ်ကားကိုတော့ ဝါရင့်ပြင်သစ်ဒါရိုက်တာတစ်ဦးက ရိုက်ကူးထားပါတယ်။
ဇာတ်ကားကြည့်ရန်