Korean Dance Battle တွေက ဘယ်လောက်ကြမ်းလဲဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ အဲဒီထဲမှာမှ Street Woman Fighter မှာ ပြိုင်ဘက်အဖြစ် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင် ၈ ယောက်ကတော့ နာမည်ကြီးတဲ့အပြင် Street Dance Girl Fighter မှာပါ မာစတာတွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။ ပြိုင်ပွဲထဲမှာတော့ ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ရင်းနှီးတဲ့ စိတ်တူကိုယ်တူ ညီအစ်မတွေ ဖြစ်လာခဲ့ကြပါတယ်... သူတို့ ၈ ယောက်ရဲ့ဆန္ဒကတော့ ပြိုင်ပွဲအပြီးမှာ အတူတူခရီးထွက်ရင်း ထမင်းအတူတူစားကြရင်း စကားတွေ အများကြီးပြောချင်ပါတယ်တဲ့။ ဆန္ဒအတိုင်း စီစဉ်ပေးတဲ့အခါမှာတော့ ခေါင်းဆောင် ၈ ယောက်ဟာ ကျေးလက် တစ်နေရာမှာရှိတဲ့ စွန့်ပစ်အိမ်ကြီးကို ၃ ရက်ခရီးထွက်ရမှာပါ။ စွန့်ပစ်အိမ်ဆိုပေမဲ့လည်း "Mean No Harm - Penthouse" တုန်းက ဗီလိန် ၃ ယောက်က အိမ်ကို သေချာပြုပြင်ပေးခဲ့တော့ တကယ့်ကို နေချင့်စဖွယ် အိမ်ကလေး ဖြစ်နေမှာပါ။ ခရီးထွက်တဲ့အချိန်ကတော့ ဆောင်းရာသီရဲ့အအေးဆုံးအချိန်ဖြစ်လို့ ပရိုဂရမ်ရဲ့ concept အနေနဲ့ အိမ်ကလေးကို နွေးထွေးအောင် ပြုလုပ်ရမှာပါတဲ့။ ခရီးမထွက်ခင် အထုပ်သိမ်းတာကစလို့ ရိုက်ကူးထားပေးတော့ ဘယ်သူကတော့ ဘာတွေ သယ်သွားမလဲ၊ အိမ်လေးကို ရောက်တဲ့အခါမှာရော ဘယ်သူက ဘယ်အပိုင်းကို တာဝန်ယူပြီးတော့ ဘယ်လိုတွေသောင်းကျန်းဗြောင်းဆန်ကြမလဲဆိုတာကို အပိုင်း ၃ ပိုင်းနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း Channel Myanmar က တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦး အညွှန်းကိုတော့ Myo Myo Htet က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ဖြစ်ပါတယ်။ Genre.....Reality Quality….WEB-DL 720p File size…800MB Format…mp4 Duration….1h 20min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Variety Pro Max Encoder ..... August
ဇာတ်ကားကြည့်ရန်