Power The Downfall of Huw Edwards (2026) ဒီဇာတ်လမ်းလေးကတော့ အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ ဘီဘီစီသတင်းဌာနရဲ့ နာမည်ကြီးသတင်းတင်ဆက်သူ ဟျူးအက်ဒဝပ်အကြောင်းကို ရိုက်ကူးထားတာပါ။ ဟျူးအက်ဒဝပ်က အင်္ဂလန်ဘုရင်မကြီးနတ်ရွာစံတဲ့အကြောင်းကို ကမ္ဘာကို ပထမဆုံးကြေညာခဲ့သူဖြစ်ပြီး ဘီဘီစီသတင်းရဲ့ ည၁၀နာရီ သတင်းကို တင်ဆက်တဲ့ နာမည်ကြီး အစီအစဥ်တင်ဆက်သူပါ။ တစ်ဘက်မှာလည်း သူ့ရဲ့ အမှောင်ခြမ်းမှာ ကလေးသူငယ်တွေအပေါ် လိင်စိတ်တပ်မက်မှုတွေ လွှမ်းမိုးနေခဲ့ပြီး အသက်မပြည့်သေးတဲ့ ယောက်ျားလေးလူငယ်တွေနဲ့ ပတ်သက်မှုတွေရှိနေပါတယ်။ နွမ်းပါးတဲ့လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်က ဟျူးအက်ဒဝပ်နဲ့ ဆက်သွယ်မိခဲ့ပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေ အမြတ်ထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဟျူးအက်ဒဝပ်က စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ထားပြီး ငွေကြေးအရလည်း ထောက်ပံ့ပေးထားတာကြောင့် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဟျူးအက်ဒဝပ်ရဲ့ ချုပ်ကိုင်မှုတွေနဲ့ ရိုင်ယန်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပွတ်တိုက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုကြရမှာပါ။ File Size - 1.1 GB/ 413 MB Quality - WEB-DL 1080p/ 720p Duration - 1h 28m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်